ကောင်​​လေးငြိုငြင်​မည့်​ကိစ္စမျိုးဆိုလျှင်​....
တတ်​နိုင်​သလာက်​ အ​ဝေးဆုံးကသာ သူ​ရှောင်​​​ပေသည်​.......

''Lu...သွားရ​အောင်​.....''

''Sehun..​ရော့....''

ကြည့်​လိုက်​​တော့ Hello Kitty ​သော့ချိတ်​​လေးနှင့်
ကား​သော့​လေး......

''Sehun​မောင်း....လမ်း​ပြောပြမယ်​...''

ကောင်​​လေးလက်​ထဲက ကား​သော့ကို လှမ်းယူလိုက်​​တော့
နူးညံ့ညင်​သာ​သော အပြုံးနုနုက ​ကောင်​​လေးနှုတ်​ခမ်းပါးထက်​ တွဲခိုသည်​.....

စိတ်​ရင်းအမှန်​လား....၀တ္တရားအရလား...​သေချာမသိ​ပေမယ့်​.......

ထိုက​လေး၏ အပြုံးတိုငိးသည်​...သူ့အတွက်​​တော့
သိပ်​ကိုချစ်​စရာ​ကောင်းလွန်းသည်​ပင်​......

ကား​မောင်းသူ​နေရာက ၀င်​ထိုင်​လိုက်​​တော့
မ​ရှေးမ​နှောင်းပင်​ သူ့နံ​ဘေး​ဝေ့သီလာ​သော
ချိုအီအီအနံ့အ​လေး.....

ချစ်​ရသူ၏ ကိုယ်​သင်းနံ့အား တစ်​၀ကြီးခိုးရှူကာ
ဤခရီး​လေးအား တူတူသွား​နေရ​ကြောင်းသတိထားမိ​တော့ ကြည်​နူးစွာ တွန့်​​ကွေးလာ​သော နှုတ်​ခမ်းများ......

ချစ်​ရသူ​လေးအား ခိုးကြည့်​ရန်​ မျက်​နှာအလှည့်
သူ့ဘက်​လှည့်​လာ​သော ​ကောင်​က​လေး.....

ရှက်​ပြုံးက​လေးဖြင့်​ သူ​လေးမှန်​တံခါးဘက်​ပြန်​လှည့်​သွား​တော့ ကိုယ်​လည်း ​ချောင်းတစ်​ချက်​ဟန့်​ကာ ကားကိုပင်​ပြန်​​မောင်း​နေလိုက်​သည်​.......

♬ ♬ ♬ ♬ ♬ ♬

ရင်​ခုန်​​နေ​သောအချိန်​တွင်​မှ ကွက်​တိ ဖုန်းက ၀င်​လာ​တော့ အလန့်​တကြား ထမ​အော်​မိ​အောင်​ အ​တော်​ပင်​သတိထားလိုက်​ရသည်​......

Contect name က Jongin.......

ဖုန်း​ကောက်​ကိုင်​လိုက်​ကာ Hello ဟုပင်​ မ​ပြောရ​သေး......
ဖုန်းထဲကထွက်​လာ​သော...

''သာယာ​နေတယ်​​ပေါ့​လေ....''ဆိုသည့်​ညစ်​ကျယ်​ကျယ်​ အသံကြီး​ကြောင့်​ ကြည်​နူး​နေ​သောစိတ်​က​လေးပင်​ လွင့်​သွားသည်​.....

အသံဆိုးနဲ့...... ヅ ヅ

အိမ်​​အောက်​ထပ်​မဆင်းမီ Messageပို့ကာ ​ပျော်​ရွှင်​မှုကို မျှ​ဝေမိ​သော ကိုယ့်​ကိုယ်​ကိုသာ အပစ်​တင်​လိုက်​မိသည်​........

''လွမ်းလိုက်​တာ သားကြီးရာ...စကား​ပြောရအာင်​...''

သိလိုက်​ပြီ...ဒီ​လောက်​ဆို.....
ဘေးနားက ​ကောင်​​လေးကို ကြည့်​လိုက်​​တော့
အ​ခြေအ​နေကို သ​ဘော​​ပေါက်​သလိုလိုနှင့်​ ပြုံးစိစိ....

ဖုန်းထဲက လဒအား စိတ်​​ပေါက်​လာသည်​မို့.....

''ဟုတ်​ကဲ့ အန်​တီ....ကျွန်​​တော်​လည်းသတိရပါတယ်​....''

စိတ်​​ပေါက်​​ပေါက်​နှင့်​ အန်​တီ ​ခေါ်ပစ်​လိုက်​​တော့ KJI တို့နင်​သွားပုံရသည်​......

''​ဟေ့​ကောင်​.....မင်း​တော့​နော်​....​တွေ့ရင်​​တော့လား....''

''Nae...အန်​တီနဲ့​တွေ့တဲ့အခါကျရင်​ ကြက်​​ကြော်​ဆိုင်​က ​​ပေါက်​​ဖော်​ဦး​လေးကြီးနဲ့ မိတ်​ဆက်​​ပေးပါ့မယ်​...''

ဖုန်းထဲက တရှူးရှူးတရှဲရှဲဖြစ်​​နေ​သော Jongin အသံကို နား​ထောင်​ရတာ ဘယ်​လို​တောင်​အရသာ ရှိလိုက်​သနည်း.......

''Yrr...Oh Sehun....မင်း​တော့​သေ​တော့မယ်​လဒ​ကောင်​ရဲ့....infinity v*ll ပဲ​ဟျောင်​....''

''အို...အန်​တီရယ်​....ကျွန်​​တော့်​ကို အဲ့​လောက်​ ​မေတ္တာထားရလား.......သိတာ​​ပေါ့..အန်​တီကျွန်​​တော့်​ကိုချစ်​တာ....အင်းအင်း....​နောက်​မှ​တွေ့မယ်​​နော်​..အန်​တီ.....''

ပြောချင်​ရာ​ပြောပြီး ဖုန်းကို ချပစ်​လိုက်​သည်​....

မှတ်​က​ရော....feel ငုတ်​​အောင်​လုပ်​ချင်​ဦး....

စိတ်​ထဲက​နေ KJI ​လေးအား ​မေတ္တာပို့ပြီး​နောက်
Lu​လေးအား ကြည့်​မိ​တော့ သူက အသံတိတ်​ကြိတ်​ရယ်​​နေသည်​........

ချစ်​ရသူ၏ ရယ်​​မောခြင်းက ကိုယ့်​​ကြောင့်​ဖြစ်​တည်​လာသည်​ဟု သိရ​တော့ ကြည်​နူးမှုက အတိုင်းမသိ.......

နေ့တိုင်း..ဒီလိုသာ သူ့အပြုံး​တွေကို ဖန်​ဆင်း​ပေးနိုင်​သူ ဖြစ်​ရလျှင်​ ဘယ်​​လောက်​​ကောင်းလိုက်​သနည်း......

အိုး.....ဒီ​နေ့ကျမှ ရာသီဥတုကလည်း သာယာလိုက်​တာ​နော်​..........

••••••••••••PAIN••••••••

အစက​တော့ စာ​မေးပွဲပြီးမှ update​ပေးမလို့....
ဒါ​ပေမယ့်​လည်း typeပြီး​သွား​တော့ မ​နေနိုင်​မထိုင်​နိုင်​ တင်​လိုက်​မိပြန်​​ရော......

ပြောထားတာထက်​ ​စောသွားလို့ စိတ်​ဆိုးသွားကြလား..:'( :'( :'(

^^PAIN^^Where stories live. Discover now