ဒီထက်ဆိုးသည့်အခြေအနေနှင့်တောင်
မြင်ဖူးခဲ့သေးတာပဲကို....
ခုချိန်မှ အရှက်သည်းနေသော ရှေ့က ကောင်လေးနီတာရဲလေးအား အသည်းယားကာ ပါးပြင်လေးအား အသာဆွဲညှစ်လိုက်တော့ ကလေးငယ်၏
မျက်ဝန်းများက သူ့မျက်နှာထက် ခစားလာသည်.....
''Lu...ပြောစရာရှိလို့လား....''
အင်း...အဲ....နှင့် စကားစရှာမရဖြစ်နေသော
ကောင်လေး......
''ပြောစရာရှိရင်ပြောလေ Lu...''
စကားထောက်ပေးလိုက်တော့.....
''အာ.....ကျွန်တော်...အဒေါ်ဆီသွားစရာရှိလို့....
အဒေါ်နဲ့ မတွေ့ရတာလည်း ကြာပြီဆိုတော့လေ...
အဲ့ဒါ..Hun...arrnyi...Sehun ahii...
အဖော်လိုက်ခဲ့ပေးနိုင်မလား......''
Hun....လို့ နှုတ်ခမ်းဖျားမှ ထွက်ပြီးကာမှ...
Sehun shii..ဟူ၍ သူစိမ်းဆန်ဆန်ပြင်ခေါ်လိုက်သော
ကောင်လေး၏ အသုံးအနှုန်းကြောင့်
ဝဲဘက်ရင်အုံက မျက်ခနဲခံစားလိုက်ရသည်......
သို့သော်...
ကလေးနှင့်အတူ ခရီးတိုလေးတစ်ခုအား အတူသွားရမည်ဟု ခံစားမိပြန်တော့ နာကျင်မှုသည်
မပြောပလောက်တော့.......
''Arr..ရတာပေါ့......ခဏနော်...ကိုယ်အ၀တ်အစားလဲပြီးဆင်းခဲ့မယ်....''
''ကျေးဇူးပါ...ကျွန်တော် ဧည့်ခန်းကစောင့်နေမယ်...''
လှစ်ခနဲပြေးဆင်းသွားသော ကောင်သေးလေးအား
မျက်စိတဆုံးလိုက်ကြည့်ပြီးမှ သူအခန်းထဲဝင်ကာ
အ၀တ်အစားလဲလိုက်သည်......
ဆံပင်ကို အနည်းငယ်သပ်ယပ်အောင်
ဖြီးလိမ်းပြီးနောက် အောက်ထပ်ဆီခပ်သွက်သွက်ဆင်းလာခဲ့လိုက်သည်....
အချိန်ကြာသွားလို့ ကလေးငြိုငြင်သွားမှာ သူမလိုလား.....
Luhan မုန်းသော ကိစ္စများတွင်
စောင့်စားရခြင်းက ထိပ်ဆုံးနီးပါးတွင် ပါဝင်နေသည်ကို
သူသိထားသည်မို့......
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~19~~
Start from the beginning
