''​ကြောင်​​တောင်​​တောင်​လုပ်​မ​နေနဲ့....ရုတ်တရက်​ကြီး
ဂျပန်​လိုက်​သွားပြီး​တော့ စာမလာသတင်းမကြားနဲ့ ၂ပတ်​​ကျော်​ပြီ....​သေပြီ​တောင်​ထင်​​နေတာ .... ''

သူ လွင်​လွင်​​လေးရယ်​လိုက်​မိသည်​......
သူကလည်းသူပင်​......
နှစ်​၂၀​ကျော်​ လည်​ပင်းဖက်​​ပေါင်းလာခဲ့​သော သူငယ်​ချင်းအား အဆင်​​ပြေမ​ပြေ တစ်​ခွန်း​တောင်​ပြန်​မ​ပြောဖြစ်​ပဲ
အဆက်​အသွယ်​ဖြတ်​ထားသလို ဖြစ်​​နေခဲ့မိသည်​​လေ.....

Jongin စိတ်​ဆိုးမည်​ဆိုလည်း ဆိုး​လောက်​ပါသည်​...။

''Mian ...Jongin....''

ခပ်​​ပေါ့​ပေါ့​တောင်းပန်​လိုက်​​တော့ ဟိုဘက်​က ဟွန်း ခနဲ
ရွဲ့သံကြားရသည်​......

''ကဲ​ပြော...ဘယ်​လိုလဲ...အ​ခြေအ​နေ....''

ခဏမျှ​တွေ​ဝေသွားသည်​.......

''ငါ့အ​ခြေအ​နေက 50-50 ပဲ...မ​သေချာဘူး....''

ဆို​တော့....ဖုန်းထဲက သက်​ပြင်းချသံသဲ့သဲ့.....

''အဆင်​​ပြေသွားမှာပါ..ကြိုးစား​ပေါ့သားကြီးရာ...
ကျန်းမာ​ရေးလည်းဂရုစိုက်​ဦး....''

''အွန်းပါ...မင်း​ရော.....''

တီ....ခနဲ မြည်​သံနှင့်​အတူ အဆက်​အသွယ်​ပြတ်​​တောက်​သွား​သော ​လေလှိုင်း​လေး........

ခေါင်း​ပေါ်မှ သဘက်​ကို ယူကာ ​​​ဆံပင်​ကို တစ်​ချက်​နှစ်​ချက်​မျှပင်​ သုတ်​ရ​သေးသည်​.....
တံခါး​ခေါက်​သံ ၃ချက်​က ထွက်​​ပေါ်လာသည်​......

ဘယ်​သူဆိုတာ ​သေချာ​နေသည်​မို့
တုန့်​ဆိုင်းမ​နေဘဲ တံခါးသွားဖွင့်​လိုက်​​တော့
T Shirt အပြာ...ဂျင်းအနက်​နှင့်​ ​ကောင်​​လေး.....

ကြည့်​​နေရင်းပင်​ ခပ်​​ဖွေး​ဖွေးပါးပြင်​​လေးက ရဲကာ
ကြမ်းပြင်​ထက်​​ခေါင်းငုံ့သွားသည်​မို့
အ​ခြေအ​နေကိုပြန်​ဆန်းစစ်​ကြည့်​​တော့.......

သူ့ကိုယ်​တွင်​ ခါး၌ပတ်​ထား​သော သဘက်ဖြူဖြူနှင့်​ လက်​မှာကိုင်​ထား​သော မျက်​နှာသုတ်​ပုဝါကလွဲ၍ အ၀တ်​နှင့်​တူတာ ဘာမျှမရှိ.......

^^PAIN^^Where stories live. Discover now