ဒီလိုနဲ့ပဲ အဆုံးသတ်ရမှာလား.......
ကြိုးစားခွင့်အနည်းငယ်တောင်မရှိဘဲ သူတစ်ပါးလက်ထဲ ထိုးထည့်ပေးလိုက်ရမှာလား.......
မဖြစ်နိုင်ပါ........
ဘယ်လိုပဲ ရှုံးမှာသေချာသည်ဆိုဆို.....
အခုအချိန်ထိ ကလေးသည် လွတ်လပ်သော လူတစ်ယောက်.......
ထိုတစ်စုံတစ်ယောက် ရင်ခွင်ထဲခြေစုံပစ်မ၀င်သေးခင်အထိ....ကောင်လေးသည် ပိုင်ဆိုင်သူ မဲ့နေသော အပင်ထက်က ပန်းလေးတစ်ပွင့်.......
ဆွတ်ချူရန် သူလည်းကြိုးစားခွင့်ရှိသည်မဟုတ်လား........
''ဟုတ်တယ်....ကြိုးစားရမယ်....Han အချစ်ကို ပိုင်ဆိုင်ခွင့်ရဖို့ ငါအရင်ဆုံးသူ့ကိုဖွင့်ပြောရမယ်....''
ဖန်ခွက်ထဲက နောက်ဆုံးလက်ကျန် ရေတစ်ဝက်ကို မော့သောက်ကာ လုပ်လက်စအလုပ်များလက်စသတ်ပြီး
အိမ်ပြန်ခဲ့သည်..........
အချစ်ဆီသို့ ပျံသန်းရန် ပထမဆုံးအနေဖြင့်
အတောင်ပံတစ်စုံတော့ သူလိုအပ်သေးသည်မဟုတ်လား.......
အဲ့အတွက် သူပြင်ဆင်ဖို့အချိန်အနည်းငယ်လိုသည်လေ...........
**********PAIN ***********
♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬
ရေချိုးခန်းထဲက ထွက်လာလာချင်း ထမြည်လာသော
စားပွဲပေါ်ကဖုန်းကြောင့် သဘက်ကို ခေါင်းပေါ်တင်ကာ
သူခပ်မြန်မြန်ပင် ဖုန်းသွားကိုင်လိုက်သည်.......
''Jongin....''
Answer keyကို ခပ်သွက်သွက်ပင် နှိပ်လိုက်တော့
Jongin အသံက စူးခနဲထွက်လာသည်....
''ဟေ့ကောင် လဒ.....အသက်ရောရှိသေးလား....''
ရုတ်တရက်ကြီး အဲ့လိုအမေးခံလိုက်ရတော့
ယောင်တောင်ပေါင်တောင်ဖြင့် ကိုယ့်မျက်နှာကို ပြန်စမ်းကြည့်မိသည်.....
အထိအတွေ့ကိုခံစားမိသည်မို့.....
''ရှိပါသေးတယ်...ဘာလို့တုန်း...''
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~19~~
Start from the beginning
