ကျွန်​​တော်​ ထီထိုးသင့်​သလား.....

''အာ..အင်း..​ဆော့မယ်​​လေ...ဘာဂိမ်း....''

မပြီး​သေးတဲ့အလုပ်​ကို ပစ်​ကာ
သူနဲ့​ဆော့ရန်​သ​ဘောတူမိ​သော ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​ နားမလည်​နိုင်​....

ပြုံးတုံ့တုံ့ဖြင့်​ ကျွန်​​တော့်​နားကို ခုံတစ်​လုံးဆွဲထိုင်​ကာ
နေရာယူလာ​သောသူ.....

ထို့​နောက်​ လက်​နှစ်​ဖက်​ကို လက်​သီးဆုပ်​လျက်​သား
ယှက်​ကာ ကျွန်​​တော့်​​ရှေ့ လက်​ထုတ်​လာ​သည်​......

''ကိုယ်​ လက်​တစ်​ဖက်​ထဲမှာ တစ်​ခုခုဖွက်​ထားတယ်​...
အဲ့တာ ဘယ်​လက်​ထဲမှာလဲလို့မှန်း....တကယ်​လို့မှားရင်
လက်​ထဲက ဟာကို Lu စားရမယ်​...''

အားတက်​သ​ရော​ပြော​နေ​ပေမယ့်
အ​ကြောင်းအရာအားဖြင့်​ အင်​မတန်​က​လေးဆန်​လွန်း​နေ​တော့ ကျွန်​​တော်​သ​ဘောတကျရယ်​မိသည်​......

''Wae....ဘာလို့ဒီကစားနည်းကြီးလဲ.....
ပျင်းတယ်​ဆို.....''

''အင်း​လေ..ပျင်းလို့ပါဆို...​ရွေးကွာ...''

သူ့အလိုကျ လက်​သီးတစ်​ဖက်​ကို လက်​​ညှိုးထိပ်​က​လေးနှင့်​ ထိ​ပေးလိုက်​​တော့ သူက ၀မ်းသာအားရ ​အော်​ရယ်​သည်​.....

''Yehet....Luရှုံးပြီကွ....ဒီမှာကြည့်​...ဘာမှမရှိဘူး...ဟားဟား....''

အွင်​....ရှုံးသွားပဟ.......
ဒါဆိုစည်းကမ်းအရ သူ့လက်​ထဲရှိတဲ့ဟာကိုစားရမှာ....

ဘုရားဘုရား...ကံ​ကောင်း​ထောက်​မ, စွာနဲ့ စား​ကောင်း​သောက်​​ကောင်း​လေးပဲဖြစ်​ပါ​စေ......

သို့​ပေမယ့်​...

''တန်​ဒန်​......ငရုတ်​သီးပါဗျာ....Xiao Lu​လေး....ငရုတ်​သီးစားရ​တော့မယ်​ ဒချိဒချိ...''

ထကမတတ်​ ခုန်​ဆွခုန်​ဆွနှင့်​ ​ပျော်​ရွှင်​ကြည်​နူး​နေ​သောသူ့​ကြောင့်​ ကျွန်​​တော့မှာပါးစပ်​အ​ဟောင်းသား......

အဲ...​နေပါဦး....
ကျွန်​​တော်​က​ရော...ဒီဟာကြီးကိုတကယ်​စားရမှာလား....

လက်​ထဲဘယ်​ကဘယ်​လို​ရောက်​လာမှန်းမသိ​သော
လက်​မ​လောက်​နီးနီးရှိသည့်​ငရုပ်​သီး​တောင့်​အား
ကြည့်​ကာ ​ချွေး​တောင်​ပျံလာသလိုလို......

^^PAIN^^Where stories live. Discover now