သေမလိုခံစားခဲ့ရတာကို​တောင်
မကစားခဲ့ပါဘူးဆို​လေ​တော့.....

ကျွန်​​တော်​ဘာမှဆက်​​ပြောချင်​စိတ်​မရှိ​တော့၍
စားပွဲမှထလိုက်​သည်​....

''Lu....ကိုယ်​အတည်​​ပြော​နေတာ...တကယ်​လိုက်​မှာ...''

''ဘယ်​သူကခင်​ဗျားကို​ခေါ်မယ်​လို့​ပြောလို့လဲ....''

မတ်​တပ်​ရပ်​လျက်​ပင်​ သူ့ကိုငုံ့ကြည့်​ကာ​ပြော​တော့
သူကသ​ဘောကျသလို​လေးပြုံးသည်​......

တကယ်​ပါ....
ထိုသူ၏အပြုံး​တွေသည်
အချိန်​ဘယ်​​လောက်​ပင်​ကြာကြာ...ကျွန်​​တော့်​ကို ရင်​ခုန်​​အောင်​လုပ်​နိုင်​ဆဲပင်​......

''ကိုယ်​ခွင့်​​တောင်း​နေတာမဟုတ်​ဘူး....အသိ​ပေး​နေတာ...မင်းမ​ခေါ်လည်း လိုက်​မှာပဲ...မင်းရဲ့အနီးဆုံးမှာ​နေပြီး မင်းအချစ်​ကို တတိယအကြိမ်​​မြောက်​ ပြန်​ပိုင်​ဆိုင်​ခွင့်​ရဖို့ ကိုယ်​ကြိုးစားသွားမှာ....''

ခိုင်​မာ​သော ဆုံးဖြတ်​ချက်​တစ်​ခုအား ချထားသည့်​သဖွယ်​ ယုံကြည်​မှုအပြည့်​ဖြင့်​​ပြော​နေ​သောသူ.....

ထပ်​ကြိုးစားဦးမယ်​တဲ့လား....
ကျေးဇူးပြုပြီး...ကျွန်​​တော့်​ကို လွတ်​​မြောက်​ခွင့်​​ပေးပါ​တော့လား....

အ​ဝေးဆုံးကို​ရှောင်​ထွက်​လာခဲ့ပြီးကာမှ........

သူက ကျွန်​​တော်​ရှိရာ ထပ်​လိုက်​လာဦးမလို့လား.......

ကျွန်​​တော်​ ခင်​ဗျားကို​ကြောက်​တယ်​ Oh Sehun.....

''ထပ်​တလဲလဲ​ပြောထားပြီးသားဆို​ပြောမယ့်​ ထပ်​​ပြောပါရ​စေ....ကိုယ်​တကယ်​ကို​တောင်းပန်​ပါတယ်​Lu...''

လှမ်းကြည့်​မိပါ​သော သူ့မျက်​၀န်းတွင်​ ကပ်​ညိ​နေ​သော အရိပ်​အ​ယောင်​များမှာ

ကြေကွဲခြင်း.....
ဝမ်းနည်းခြင်း.....
တောင်းပန်​တိုလျှိုးခြင်း.....
နှိမ့်​ချခြင်း....

စသည်​စသည်​........

ကြာကြာကြည့်​မိရင်​ ကိုယ့်​စိတ်​ကိုယ်​မထိန်းနိုင်​မှာ
စိုးရိမ်​ရတာ​ကြောင့်​ အကြည့်​လွှဲလိုက်​သည်​....

^^PAIN^^Where stories live. Discover now