''Oh Sehunရယ်..ခင်ဗျားနဲ့ကျွန်တော်က ဘာဆိုင်တာမို့ လိုက်ချင်ရတာလဲ....''
ခပ်လှောင်လှောင်အပြုံးတစ်ခုနှင့်အတူ သူ့ကို ထီမထင်အကြည့်ဖြင့်ကြည့်မိတော့
စူးရဲသော မျက်ဝန်းများဖြင့်စိုက်ကြည့်နေသော
သူ့အကြည့်များဖြင့်ဆုံသည်......
စူးရှလွန်းသော မျက်ဝန်းများသည် ဆွဲဆောင်မှုအား
သိပ်ပြင်းလွန်းနေသည်မို့ တိုက်စစ်မဆင်နိုင်ဘဲ
ကျွန်တော်ကသာလျှင် အကြည့်လွှဲလိုက်မိသည်....
*ခင်ဗျားနဲ့ပတ်သက်ရင် အရာရာရှုံးနိမ့်နေတဲ့ ကိုယ့်ကိုယ်ကို စိတ်ကုန်တယ်***
''ကိုယ့်ဘက်က ဆိုင်ချင်တယ်ဆိုရင်ရော....''
ဒီအကြည့်....ဒီစကားလုံး....ဒီအမူအရာတွေနဲ့
ကျွန်တော့်ကိုထပ်ပြီးသိမ်းသွင်းဖို့ကြိုးစားနေပြန်ပြီလား....
''ဟက်....ပေါပေါပဲပဲရတိုင်း လူတကာကို ပစ်စလတ်ခတ်ပြောနေတဲ့ ခင်ဗျားရဲ့ ဒီလိုစကားတွေကို ကျွန်တော်က ယုံကြည်လိမ့်မယ်လို့ ထင်နေတာလား Oh Sehun shi...''
တုံ့ဆိုင်းမှုမရှိ တရစပ်ထွက်ကျလာသော ကျွန်တော့်စကားလုံးများကြောင့် သူတစ်ချက်တော့ တွေဝေသွားသည်.......
ယခုလက်ရှိ ကျွန်တော်ဆိုသော Luhanမှာ သူကြိုးဆွဲရာ ကခဲ့သည့် လွန်ခဲ့သော ၁နှစ်ကျော်က Luhanမဟုတ်တော့မှန်းသူသိဖို့ကောင်းသည်......
''မယုံကြည်မှန်းသိပါတယ်....ဒါပေမယ့် အဲ့ဒါLuအပိုင်းလေ.... ကိုယ် ဂရုမစိုက်ဘူး.....''
''ခင်ဗျားကျွန်တော့်ကို ထပ်ကစားဖို့မလွယ်ဘူးဆိုတာတော့ သဘောပေါက်လောက်မှာပါ.....''
ကျွန်တော့်စကားအဆုံး သူသက်ပြင်းချသည်....
''ကိုယ်မင်းကို ဘယ်တုန်းကမှမကစားခဲ့သလို တစ်ခါမှလည်းကစားဖို့မရည်ရွယ်ခဲ့ဘူး Lu ''
စိတ်ရှိလက်ရှိသာအော်ရယ်ပစ်ရလျှင်...မျက်ရည်များပင်ထွက်ကျလာနိုင်ဖွယ်ရှိသည်......
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~13~~
Start from the beginning
