''အမ်​........ဒီမုန့်​လဲငါကြိုက်​တယ်​..ဟိ...''

''ဟင်​...Luhan...''

နာမည်​​ခေါ်သံကြား၍ လှည့်​ကြည့်​လိုက်​​တော့
ခေါ်လိုက်​သူမှာ Baekhyun......

Chanyeolလည်းပါလာသည်​....
သူက​ဘေးက​နေ တွန်းလှည်းက​လေးတွန်းလို့.....

ကြည့်​ရတာ..Dating ဖြစ်​ပုံရသည်​....

''ဟာ..Chanbaek...​ဈေးလာဝယ်​တာလား....''

''Dating​လေ...ဟိ....''

Chanyeolက သူ့ဘာသာ​ပြောကာ သ​ဘောကျပြီး ဟိ ခနဲရယ်​သည်​.....

''​အေးပါကွာ..မင်းတို့​ခေတ်​ပဲ...ဟားဟား...''

Baekhyun က Chanyeolလက်​အား တွန်းလှည်းမှ ဖြုတ်​ကာ သူ့ပုခုံးထက်​ သိုင်းဖက်​​စေလိုက်​သည်​...

''ဒါနဲ့...မင်းက ဒီနားမှာ​နေတာလား....''

''Omm..Deerwindမှာ တည်းတာ​လေ...''

Baekhyunက လက်​​ဖျောက်​တစ်​ချက်​တီးကာ..

''ဟုတ်​ပြီ..​နောက်​ကျရင်​ လာလည်​မယ်​...ခု​တော့ သွား​တော့မယ်​....Chanyeollie...Kaja...''

ရွှင်​မြူးစွာ ​ပြေးထွက်​သွား​သော Chanbaek ​ကြောင့်
Luhan သ​ဘောတကျ ရယ်​မိသည်​......

ကောင်​တာမှာ ​ငွေရှင်းကာ ထွက်​လာ​တော့ မိုးကရွာ​နေပြီ......

**ဟူး..​တော်​ပါ​သေးရဲ့...ထီးယူလာမိလို့**

ထီးက​လေးအားဖွင့်​ကာ မိုး​ရေထဲလမ်း​လျှောက်​လာလိုက်​သည်​.....

မိုး​ရေစက်​က​လေး​တွေ ထီး​ပေါ်ကျသွားတဲ့ အသံကို သူနှစ်​သက်​သည်​.....

ရေစွတ်​စွတ်​က​လေး​တွေကြား လမ်း​လျှောက်​ရသည်​ကို
သူသ​ဘောကျသည်​....

မိုး​ရေစက်​​လေး​တွေအား လက်​၀ါးဖြင့်​ ခံယူရသည်​ကို
သူခုံမင်​သည်​....

သို့​သော်​....
မိုးခြိမ်းသံနှင့်​ လျှပ်​စီးလက်​ခြင်းကို​တော့.....မုန်းသည်​......

**​နေရာတိုင်းမှာ အချစ်​နဲ့ အမုန်းက ဒွန်​တွဲ​နေတာပဲ**

အ​တွေး​လေးကိုခပ်​ယဲ့ယဲ့ပြုံးမိလိုက်​ချိန်
သူ Hotel ​ရှေ့ပင်​​ရောက်​​နေပြီ....

^^PAIN^^Where stories live. Discover now