ဝန်​ခံပါသည်​.....

ကျွန်​​တော်​ ​သေ​လောက်​​အောင်​လွမ်းပါသည်​.....

အထူးသဖြင့်​...သူ.....

ဦး​ဏှောက်​က ​သေ​လောက်​​အောင်​မုန်း​နေ​ပေမယ့်
နှလုံးသားက နင့်​နင့်​နဲနဲ ချစ်​​နေမိပါ​သော သူ.......

သိပ်​လွမ်း​နေခဲ့ပါသည်​....

''ဟုတ်​ကဲ့...သိချင်​တာ သိရပြီဆို​တော့ သွားလိုက်​ပါဦးမယ်​.....''

ဦးညွှတ်​နှုတ်​ဆက်​ကာ လှည့်​ထွက်​လာခဲ့လိုက်​သည်​....

အခန်းထဲပြန်​​ရောက်​​တော့ ကုတင်​​ပေါ်လှဲအိပ်​ကာ
ကာတွန်းစာအုပ်​ထိုင်​ဖတ်​​နေလိုက်​သည်​......

ရာသီဥတုက ခပ်​မှိုင်းမှိုင်းမို့ အပြင်​ထွက်​လည်​ချင်​စိတ်​လဲမရှိ......

မုန့်​​လေးစားလိုက်​ စာအုပ်​ဖတ်​လိုက်​နဲ့....
ဘယ်​​လောက်​ဇိမ်​ကျလိုက်​သလဲ.....

စားလက်​စ အာလူး​ကြော်​က စမ်းမရ​တော့သည်​မို့
အထုပ်​ကို လှုပ်​ခါကြည့်​လိုက်​သည်​...

''Tsk...ကုန်​သွားပြန်​ပြီ.....''

စာအုပ်​ကို ကြည့်​လိုက်​​တော့ တစ်​၀က်​​တောင်​မကျိုး​သေး......

မုန့်​မရှိဘဲ နဲ့​တော့ စာအုပ်​ချည်းသက်​သက်​ဖတ်​ဖို့ စိတ်​မပါ......

မုန့်​သည်​သာ အ​သည်းအသက်​မို့ .....
မုန့်​မရှိလျှင်​ မ​နေနိုင်​တာမို့.....

ရာသီဥတုကို ဂရုမစိုက်​​တော့ဘဲ ထီး​လေးတစ်​​ချောင်း​ဆောင်​ကာ သိပ်​မ​ဝေးသည့်​ minimart​လေးဆီထွက်​ခဲ့သည်​.....

''အင်း..ဒီဟာ​လေးလဲ စား​ကောင်းတယ်​....''

''အွမ်​.....ဒါ​လေးလဲယူမယ်​.... ''

''ဒီအာလူး​ကြော်​က အရမ်းစပ်​တယ်​..မစားဘူး...''

''အင်း...ဒါ​လေးလဲမဆိုးဘူး...''

''Juice..Juice....''

''နွားနို့လည်းကုန်​​နေ​သေးတယ်​.....'

Luhanတစ်​​ယောက်​တည်း ဟိုဟာယူလိုက်
ဒီဟာယူလိုက်​နဲ့ အလုပ်​ရှုပ်​​နေသည်​.....

^^PAIN^^Where stories live. Discover now