သူကျွန်​​တော့်​ဆီ လှမ်းလာတယ်​.....

အရင်​ကလိုမျိုး ...Hun ah...ဆိုပြီး က​လေး​လေးတစ်​​ယောက်​လို ရင်​ခွင်​ထဲ​ပြေးဝင်​လာတာမျိုးမဟုတ်​ဘဲ...

ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုအပြည့်​ဖြင့်​ တစ်​လှမ်းချင်းလှမ်းလာသလိုမျိုး......

အံ့သြမိပါရဲ့....
ကျွန်​​တော်​နဲ့ ကင်းကွာခဲ့​သော ၁နှစ်​​ကျော်​ဆိုသည့်​အချိန်​က
ချစ်​ရသူကို အဲ့သ​လောက်​​တောင်​ ​ပြောင်းလဲ​စေသတဲ့လား........

''Hey Sehun..
Nice to meet you...''

ခပ်​ယဲ့ယဲ့အပြုံး​​လေးတစ်​ခုနဲ့အတူ ကမ်း​ပေးလာ​သော လက်​​လေးတစ်​ဖက်​.....

ဝတ်​​ကျေတမ်း​ကျေ နှုတ်​ဆက်​သည့်​သ​ဘောသာသာ...
အ​ပေါ်ယံ​လောက်​သာ ခင်​မင်​ခဲ့သည့်​ အသိတစ်​​ယောက်​ကို မ​မျှော်​လင့်​ဘဲ ပြန်​​တွေ့လိုက်​ရလို့ လာနှုတ်​ဆက်​သလိုမျိုးသာ.......

နာကျင်​လိုက်​တာ........

ကိုယ်​တိုင်​ ဖန်​တီးခဲ့မိပါ​သော ဖြစ်​ရပ်​​တွေရဲ့ အကျိုးဆက်​အတွက်​...
ဘယ်​တုန်းကမှ ခံစားချက်​တစ်​စုံတစ်​ရာ...​နောင်​တတစ်​စုံတစ်​ရာ...မရရှိခဲ့ဖူး​ပေမယ့်​......

သူနှင့်​ပတ်​သက်​​သော ကိစ္စအတွက်​​တော့...
ကိုယ့်​ကိုယ်​ကိုယ်​ သတ်​​သေချင်​​လောက်​​အောင်
ယူကျုံးမရဖြစ်​မိသည်​.......

ကမ်း​ပေးလာ​သော လက်​ဖ၀ါးနုနုအား ပြန်​ဆုပ်​ကိုင်​ရင်း...

''အင်း....​တွေ့ရတာဝမ်းသာပါတယ်​Lu...
မ​တွေ့တာ​တောင်​ကြာပြီ​နော်​....''

ကာလရှည်​ကြာ ​ဝေးကွာ​နေခဲ့ရ​သော သူ့အထိအ​တွေ့​လေးကို ခံစားမိချိန်​.....
နှလုံးသားက ​ပျော်​ရွှင်​ရမည့်​အစား နာကျင်​လာရသည်​မှာ.... ကံကြမ္မာက ​ပေးအပ်​​သော အပြစ်​ဒဏ်​​လေလား......

ခပ်​ဖွဖွ​လေး ဖျစ်​ညှစ်​မိလိုက်​​တော့
လက်​ဖ၀ါးနုနုက သိသာစွာပဲ ရုန်းထွက်​​လေရဲ့......

သြော်​.....
နာကျည်း​နေရှာမှာ​ပေါ့​လေ.....
သူသည်​လည်း အ​သွေးနှင့်​ အသားနှင့်​ နှလုံးသားနှင့်​ တည်​​ဆောက်​ထားတဲ့ လူသားတစ်​ဦး​ပေပဲ......

^^PAIN^^Where stories live. Discover now