မြင်​မြင်​သမျှ ​နေရာတိုင်းတွင်​ သူ့ပုံရိပ်​​လေးများက
နေရာယူလို့.....

မျက်​၀န်း စို​တောက်​​တောက်​က​လေး​တွေ.....
စကား​ပြောရင်​ မသိမသာ​ထော်​လာတတ်​တဲ့ နှုတ်​ခမ်း​လေး​တွေ.......
Hun ah~~...လို့အမြတ်​တနိုး​ခေါ်တတ်​တဲ့ သူ့အသံချို​ချို​လေး​တွေ.........

သူရှိ​နေတုန်းမှာ သူ့ကို တန်​ဖိုးမထားမိခဲ့ဘူး........

မျက်​၀န်းစို​တောက်​​တောက်​က​လေး​တွေရဲ့​နောက်​ကွယ်​က ​​တစ်​စုံတစ်​ရာကို ​ကြောက်​ရွံ့​စွာ ​တောင်းပန်ေ​​နတတ်တဲ့ အကြည့်​​တွေကို အ​လေးမထားမိခဲ့ဘူး....

တစ်​စုံတစ်​​ယောက်​ နဲ့အတူရှိ​နေခဲ့လို့ ကျွန်​​တော်​အိမ်​ပြန်​​နောက်​ကျတဲ့အခါတိုင်း ဖျား​နေရင်​​တောင်​ ကျွန်​​တော်​ပြန်​မလာမချင်း ထွက်​​စောင့်​​နေတတ်​တဲ့ သူ့ဂရုစိုက်​မှု​လေး​တွေကို စိတ်​ထဲမထားမိခဲ့ဘူး......

ကျွန်​​တော်​ဟာ သိပ်ဆိုးရွားတဲ့ လူတစ်​​ယောက်​ပဲ.........

တောင်​ထိပ်​ကို​ရောက်​မှ ​တောင်​​အောက်​ကဘယ်​​လောက်​လှမှန်းသိသလို.....
သူမရှိမှ သူ့ကို ဘယ်​​လောက်​ချစ်​မိ​နေမှန်း သိလာရသည်​......

သို့​ပေမယ့်​...အရာအားလုံးက....
နောက်​...ကျ....သွား....ခဲ့....ပြီ.......

မျှော်​လင့်​ခွင့်​​လေးရှိ​သေးရင်​...
အတ္တကြီးစွာပဲ ​ဆု​တောင်းပါရ​စေ......

Lu..ပြန်​လာခဲ့ပါ​နော်​....

°•°•°•°•°•°•°•°•PAIN°•°•°•°•°•°•°•°•°•

ပြက္ခဒိန်​​ပေါ်က ရက်​စွဲတစ်​ခုကို ကြက်​​ခြေခတ်​​ရေးခြစ်​ပြီး​နောက်​ အပြုံးတစ်​ပွင့်​အား နာကျင်​စွာ ​ခြွေသည်​.....

၃ရက်​​.......
သူနဲ့အ​ဝေးဆံကို ထွက်​ခွာလာခဲ့တာ ၃ရက်​တင်းတင်းပြည့်​ပြီ......

သူအဆင်​​ပြေမှာပါ​လေ....
ကျွန်​​တော်​မရှိလဲ ကျွန်​​တော့ထက်​ပိုဂရုစိုက်​​ပေးနိုင်​​မယ့်သူမ......သူ့အနားရှိ​နေတာပဲ.....

သူ..တကယ်​ကို...အဆင်​​ပြေမှာပါ.....

ခေါင်းငုံ့လိုက်​တာနဲ့ ကျလာ​သော မျက်​ရည်​​ကြောင့်
အမြန်​​လက်​ခုံနှင့်​ပွတ်​သုတ်​လိုက်​သည်​....

^^PAIN^^Onde histórias criam vida. Descubra agora