''တကယ်​တမ်းဖြစ်​သင့်​တာက​လေ..Sehun..
မင်းအမှားမင်းသိပြီး ကိုယ့်​ကိုယ်​ကိုယ်​ အ​ကောင်းဆုံးပြုပြင်​...ပြီးမှ Luhanကို လိုက်​ရှာပြီး ​နောက်​တစ်​ကြိမ်​ထပ်​ကြိုးစားရမှာကွ....''

အို......ကျွန်​​တော်​ ဘာလို့ဒီလိုမ​တွေးမိခဲ့ပါလိမ့်​....
ဒီအချက်​ကို လုံးဝကို ​မေ့​နေခဲ့တာ.....
ဟုတ်​တယ်​...ကျွန်​​တော်​....ကျွန်​​တော်​သူ့ကိုပြန်​ကြိုးစားရမယ်​.......

ထိုင်​​နေရာမှထကာ Chanyeolကို ​​ပွေ့ဖက်​လိုက်​သည်​...​ကျေးဇူးတင်​လွန်းလို့ပါ​လေ....

''Gomawoo...Gomawoo Chanyeol...
ငါလုံးဝမ​တွေးခဲ့မိဘူး.....
အင်း...ငါသူ့ကို ပြန်​ရှာမယ်​...အတိတ်​ကအမှား​တွေအကုန်​လုံးကို ​တောင်းပန်​ပြီး အတတ်​နိုင်​ဆုံးသူ့ကို စိတ်​ချမ်းသာ​အောင်​လုပ်​​ပေးမယ်​....''

''ဒီလိုမှ​ပေါ့ကွာ...ကဲကဲ..မင်းဒီမှာ လာပြီးအချိန်​ဖြုန်း​နေမှန်းသိရင်​ သူ​ဋ္ဌေးဆဲလိမ့်​မယ်​..လာ....''

အခုမှသာ စိတ်​ဓာတ်​အနည်းငယ်​တက်​ကြွလာ​သော
Sehun​ကြောင့်​ Chanyeol ​လေပူကြီးအား ဟူးခနဲမှုတ်​ထုတ်​လိုက်​သည်​......

ဒီကစားပွဲမှာ ပါဝင်​​နေတဲ့ သူတို့က​တော့ ဘယ်​လိုခံစားရမယ်​မှန်းမ​ပြောတတ်​.....
ဘေးက ပွဲကြည့်​ပရိသတ်​ဖြစ်​​သော Chanyeolပင်​လျှင်​....ရင်​ထဲမွန်းကျပ်​ရပါသည်​......

ည​နေ ဆိုင်​သိမ်းချိန်​​ရောက်​​တော့လည်း Chanyeolကို
ခပ်​​ဖျော့​ဖျော့အပြုံး​လေးသာ ပြုံးပြရင်း အိမ်​ပြန်​လာခဲ့သည်​.....

ပြုံးပြဖို့​တောင်​ အားအင်​မရှိသည့်​အ​ခြေအ​နေ​လေ.....

ကျွီခနဲ တံခါးပွင့်​သံအဆုံး ​မျှော်​​နေသူ မရှိ​သော
အိမ်​ကြီးက ​ခြောက်​ကပ်​လို့.......

အရင်​လို ဂရုစိုက်​ ​ပေးမယ့်​သူမရှိ​တော့
ဖုန်​​လေး​တွေက ​နေရာအနှံ့...........

သူ​ဒီအိမ်​မှာရှိ​နေခဲ့တဲ့ ​နောက်​ဆုံး​နေ့က
ထိုး​ပေးခဲ့​သော စားပွဲ​ပေါ်က ပန်းအိုး​လေးထဲ
နှင်းဆီပန်း​လေး​တွေကလည်း ​​​ခြောက်​ကပ်​လို့.......

^^PAIN^^Where stories live. Discover now