ဘာလို့လဲ....ဆိုတာကို ​မေးချင်​​ပေမယ့်​လည်း....
ကျွန်​​တော်​ မသိချင်​​သော အ​ကြောင်းကိစ္စများကိုပါ
သိလာရမည်​ကို မလိုလား​သော​ကြောင့်
ဘာမှဆက်​မ​ပြောမိ.....

နှစ်​​ယောက်​ကြားတိတ်​ဆိတ်​မှုက အတန်​ကြာ ကြီးစိုးပြီး​နောက်​....
သူထမင်းဝိုင်းမှ ထသွားသည်​.....

''ကိုယ်​ အလုပ်​ပြန်​သွားရ​တော့မယ်​Lu.....''

''ထမင်းစားသွားဦး​လေ.....''

''​တော်​ပါပြီ...ကိုယ်​ရင်​ပြည့်​​နေလို့.....''

ပြောရင်းဆိုရင်း ထွက်​သွား​သော သူ့​ကြောင့်
ဘာမှ​တောင်​ဆက်​​ပြောခွင့်​မရလိုက်​.......

သူမပါရှိ​သော ထမင်းဝိုင်းကို ကျွန်​​တော်​တစ်​​ယောက်​တည်း...ဘယ်​လိုမှ စားမ၀င်​......

စားချင်​စိတ်​မရှိ​တော့သည့်​အဆုံး ပန်းကန်​များအား
ဆေး​ကြောလိုက်​သည်​......

ခုနကထိ တိတ်​​နေ​သော မိုးသည်​...
ယခုမှ သည်းသည်းမည်းမည်းရွာလာသည်​......

Aww...မိုး​...ဆိုလို့.....
Hun..ထီးလည်းပါမသွားဘူးပဲ.....

ကားစီးနိုင်​​သော အ​ခြေအ​နေမဟုတ်​​လေ​တော့
အခုလို မိုးရာသီအတွက်​ ထီးသည်​သာ အားကိုးရာမဟုတ်​​ပေ​လော....

တော်​ကြာအပြင်​ထွက်​လို့
မိုးမိပြီး ဖျားကုန်​မှဖြင့်​.....
ဟင်း.....မဖြစ်​​သေးပါဘူး​လေ......

အိမ်​နဲ့ Hunအလုပ်​လုပ်​​သော စား​သောက်​ဆိုင်​က
၁၀မိနစ်​​လောက်​သာ ​လျှောက်​ရသည်​မို့ လက်​ထဲ ထီးတစ်​​ချောင်းကိုင်​....တစ်​​ချောင်းကို ​ဆောင်းကာ
ခပ်​သွက်​သွက်​​လျှောက်​လာလိုက်​သည်​......

''Sehunရှိလား....Chanyeol....''

ဆိုင်​အ၀င်​၀နားမှာ​တွေ့ရ​သော Chanyeolကို ​မေးလိုက်​​တော့ သူက..အံ့သြ​သောမျက်​၀န်းများဖြင့်​ ကျွန်​​တော့်​ကိုကြည့်​သည်​.....

''Sehunခွင့်​တင်​ထားတယ်​​လေLuhan...
မင်းမသိဘူးလား......''

သူ............
ညာပြန်​ပြီ.......

သူခွင့်​တင်​ထားတဲ့ကိစ္စ ကျွန်​​တော့်​ကို​ပြောပြသင့်​တယ်​​လေ......မဟုတ်​ဘူးလား.....

^^PAIN^^Where stories live. Discover now