အားလုံးပြင်​ဆင်​အပြီး....၁၁နာရီ၃၀မိနစ်​.....

သူပြန်​လာ​တော့မည်​.......

သိပ်​မကြာ.....

Ting tong...~~~

ဟော.......
သူ​ရောက်​လာပြီ.....

Apronကို ချွတ်​၍ သိမ်းကာ
သူ့အားကြိုဆိုရန်​ တံခါးဆီ​လျှောက်​လာခဲ့လိုက်​သည်​...

''ပြန်​လာပြီလား Hun.....''

အလုပ်​ပင်​ပန်း၍
အနည်းငယ်​ ညှိုး​နေ​သော မျက်​နှာ​လေးထက်​ အပြုံးတစ်​ခုဆင်​မြန်းကာ သူ​ခေါင်းငြိမ့်​ပြသည်​.....

''လာ....ထမင်းစားရ​အောင်​...Luအားလုံးပြင်​ဆင်​ထားပြီးပြီ.......''

ထမင်းစားပွဲတွင်​ မျက်​နှာချင်းဆိုင်​ထိုင်​ကာ
တူတူထမင်းလက်​ဆုံစား​နေရင်း သူ့ကို လှမ်းလှမ်းကြည့်​မိသည်​.......

အလုပ်​မှာများ ပြဿနာတက်​ထား​လေသလားမသိ....
သူ့မျက်​နှာ​လေး သိသိသာသာ ညှိုးကျ​နေသည်​..
မျက်​ခုံးအစုံကလည်းတွန့်​ချိုးလို့......
တစ်​ခုခုကို အ​လေးအနက်​​တွေး​နေသည့်​ဟန်​.......

''Hun ah.....ဘာ​တွေစိတ်​ပင်​ပန်းစရာရှိလို့လဲဟင်​...''

သူကျွန်​​တော့်​ကို ကြည့်​လာ​သောအကြည့်​များတွင်​....
ကျွန်​​တော်​ နားမလည်​နိုင်​​သော အ​ငွေ့အသက်​များ​ရောယှက်​​နေသည်​......

စားပွဲခုံ​ပေါ်တင်​ထား​သော ကျွန်​​တော့်​လက်​နှစ်​ဖက်​အား စုကာ အုပ်​ကိုင်​လာ​သော သူ့လက်​​နွေး​နွေး.....

ဘာ​ကြောင့်​ရင်​မသိ....
ရင်​ထဲ နင့်​ခနဲ......

''​တောင်းပန်​ပါတယ်​.....
ကိုယ်​တကယ်​​တောင်းပန်​ပါတယ်​...Lu ရယ်​....''

တိုးညှင်းလွန်း​သော သူ့အသံ......
ကျွန်​​တော့်​နှစ်​​ယောက်​သာ ရှိ​သော အခန်းငယ်​​လေးထဲတွင်​​တော့ ​ကောင်း​စွာ ကြားနိုင်​ရန်​ လုံ​လောက်​ပါသည်​......

ကျွန်​​တော်​ သူ့ကို ဘာတစ်​ခွန်းမှပြန်​မ​ပြောမိ.....
အဆက်​အစပ်​မရှိ ​​တောင်းပန်​လာ​သော သူ့အား
ပြန်​​ပြောရန်​ စကားလုံးစီမရ......

^^PAIN^^Where stories live. Discover now