ဒီအတိုင်းပဲဆက်​သွား​နေ​တော့မှာလားလို့ ​တစ်​စုံတစ်​​ယောက်​က ​မေးလာခဲ့လျှင်​....

အင်း......သူ့ဘက်​ကစပြီး ကျွန်​​တော့်​လက်​ကို မဖြုတ်​ချမချင်း ဒီအတိုင်း...ပဲဆက်​သွားမှာ..........
ကျွန်​​တော့်​ဖြစ်​တည်​မှုက သူမရှိရင်​ အဓိပ္ပါယ်​မရှိ​လောက်​တဲ့အထိကို ကျွန်​​တော်​သူ့ကိုလိုအပ်​လို့.....

အရှင်းဆုံး​ပြောရလျှင်​.....
သိပ်​.....ချစ်​....လို့......

အ၀တ်​အစားများအား ​လျှော်​စက်​ထဲထည့်​ကာ စက်​ကို အလုပ်​လုပ်​​စေပြီး​နောက်​ အားအင်​ချိနဲ့စွာပင်
နံရံအားမှီကာ ထိုင်​ချလိုက်​မိသည်​.......

ဘယ်​​တော့လဲ.....
ဒါ​တွေကို ဘယ်​​တော့​လောက်​အထိ ဆက်​ပြီးမသိချင်​​ယောင်​​ဆောင်​ထားရမှာလဲ......
ဘယ်​အချိန်​ထိများ.....
ကျွန်​​တော်​ နာကျင်​​နေရဦးမှာလဲ Hunရယ်​.....

ခံစားရသမျှကို ဖွင့်​အံလိုက်​ချင်​​ပေမယ့်​...
သူ့နှုတ်​ဖျားက ထွက်​ကျလာမယ့်​ လမ်းခွဲစကားကို
ခံနိုင်​ရည်​မရှိလို့.......
ကျွန်​​တော်​ သိလျက်​နဲ့ဥ​ပေက္ခာ ပြု​နေရတာ.......

မချစ်​ဘဲနဲ့များ......
ဘာလို့ ကြိုးအထပ်​ထပ်​ရစ်​​ပတ်​​စေပြီး ဆွဲထားရသလဲ
Hunရယ်​......

လက်​မှနာရီကို အကြည့်​​ရောက်​မိ​တော့ မနက်​၁၀နာရီ....
ကျွန်​​တော်​ ​နေ့လည်​စာ အတွက်​ ပြင်​ဆင်​ရ​တော့မည်​.....

ကျွန်​​တော်​ ​ကျေနပ်​မိ​သော သူ့အကျင့်​​လေးတစ်​ခုက...
ဘယ်​​လောက်​ပဲအလုပ်​များ​နေပါ​စေ.....
ကျွန်​​တော်​နဲ့အတူ ​နေ့လည်​စာ, ညစာ တူတူစားတတ်​သည်​.........

သူ့ရဲ့ရှားပါးတဲ့ အ​ရေး​ပေးမှုထဲက တစ်​ခုအပါအ၀င်​ဖြစ်​တဲ့.....ထမင်းလက်​ဆုံစားခြင်းကို​ ကျွန်​​တော်​ သိပ်​တန်​ဖိုးထားပါသည်​........

သူ့မျက်​နှာ​လေးအား ကြည့်​ကာ ထမင်းစားရ​သော အချိန်​အခါသည်​....သိပ်​ကြည်​နူးဖို့​ကောင်း​သော
အခိုက်​အတန့်​က​လေးတစ်​ခု......

အချိန်​ဖြုန်း၍မဖြစ်​​တော့သည်​မို့....
စိုစွတ်​လာ​သော မျက်​၀န်းအိမ်​အား
ဥ​ပေက္ခာပြုကာ ​နေ့လည်​စာ အတွက်​ပြင်​ဆင်​ရသည်​.....

^^PAIN^^Where stories live. Discover now