တစ်​ဘ၀စာ​ဝေးသွားခဲ့ရင်​​တော့.........

အို...အဓိပ္ပါယ်​မရှိတာ​တွေမ​တွေးစမ်းနဲ့ Luhan...
သူကမင်းကို သိပ်​ချစ်​တာ​လေ.......

''သွားထိုင်​ရ​အောင်​.....''

ထောင့်​ကျကျထိုင်​ခုံတစ်​ခုမှာ သူနဲ့ကျွန်​​တော်​ သွားထိုင်​လိုက်​သည်​.......
ရာသီဥတုက ခုမှပို​အေးလာသလို.....
သူ့ရင်​ခွင်​ရဲ့အ​နွေးဓာတ်​ကို ကျွန်​​တော်​လိုအပ်​​နေပြီထင်​ပါတယ်​.....

''ချမ်း​နေတာလား Lu....''

ခေါင်းသာ ညိမ့်​ပြလိုက်​​တော့ သူ့ရင်​ခွင်​ထဲကျွန်​​တော့်​ကိုဆွဲသွင်းသည်​....
နွေး​ထွေးလိုက်​တာ..ဆိုတာ​လေ........
ဒီတိုင်း​လေးသာ တစ်​သက်​လုံး​နေသွားရ၇င်​........

မျက်​စိ​လေးမှတ်​ကာ ​နွေး​ထွေးမှုကို ခံစား​နေစဉ်​..
နဖူးထက်​မှ နူးညံ့​သောအနမ်း....
ထို့​နောက်​ ကျွန်​​တော့်​ပါးပြင်​....

ကျွန်​​တော့်​​မေး​စေ့​လေးကို ဆွဲမကာ ကျွန်​​တော့်
နှုတ်​ခမ်းများအား နူးညံ့စွာ ဆွဲရှိုက်​လိုက်​​သော
သူ့နှုတ်​ခမ်းတစ်​စုံ........

သိပ်​မပြင်းရှလှ​ပေမယ့်​ ရူးသွပ်​​စေ​လောက်​​သော
အနမ်းများ ကျွန်​​တော့်​နှုတ်​ခမ်းထက်​ ကျ​ရောက်​လာသည်​........

ဒါကျွန်​​တော့်​အတွက်​ First kiss.......
ကျေနပ်​စွာ ​ပေးဆပ်​သည်​......
အ​ကြောင်းပြချက်​သည်​....သူဖြစ်​​နေ၍သာ.....

''Lu...ပြန်​တုံ့ပြန်​​လေ...wae...သ​ဘောမကျဘူးလား...''

နှုတ်​ခမ်းများအား လွှတ်​​ပေးကာ သူ​မေးသည်​....
သ​ဘောမကျတတ်​လား...ကြိုက်​လွန်းလို့ရူး​တော့မှာကို...

''Arrnyi...ဟို..Luမနမ်းတတ်​လို့...''

ရှက်​ပြုံးပြုံးကာ ​ခေါင်းငုံ့လိုက်​သည်​..
သူကျွန်​​တော့်​ကို အထင်​​သေးသွားမလား..
ယောက်ျား​လေးတစ်​​ယောက်​ဖြစ်​ပြီး ဒီအရွယ်​ထိ​အနမ်းတစ်​ခု​တောင်​ ပုံမ​ဖော်​တတ်​​သေးတဲ့ကျွန်​​တော့်​ကို​လေ....

''ဟင်​..1st kiss?? ''

''Hmm....imm...1st kiss...''

သူကျွန်​​တော့်​ကိုဖက်​သည်​....
နွေး​ထွေးစွာ.......လှိုက်​လှဲစွာ....

''Gomawoo...Luရဲ့ 1st kissကို
ကိုယ့်​ကို ဖြစ်​ခွင့်​​ပေးလို့...''

အို....သူကျွန်​​တော့်​ကို အထင်​မ​သေးဘူးဘဲ........
သ​ဘောတကျပြုံးကာ သူ့ရင်​ခွင်​ထဲပိုတိုးဝင်​ရင်း...

''Hun​ကော...Hunအတွက်​​ကော..
1st kissလား........''

ဤ​မေးခွန်းအား ကျွန်​​တော်​မ​မေးခဲ့သင့်​​ပေ.....

''Hmm...''

''Luက Hunရဲ့ first kissလားလို့...''

''Humm..aww..imm..
ဒါ​ပေါ့Luရဲ့....၃နှစ်​လုံးလုံး ကိုယ်​Luကို​စောင့်​​နေခဲ့တာ​လေ....''

သူ၏ လှပ​သော အလိမ်​အညာစကားများအား
ကျွန်​​တော်​ယုံခဲ့မိ၏.............

''​ကျေးဇူးပါHun.....''

ထို​နေ့တစ်​​နေ့လုံးတွင်​..
ကျွန်​​တော်​သည်​...နမ်းရှိုက်​ခြင်းပညာရပ်​အား..
ကျွမ်းကျင်​စွာတတ်​​မြောက်​ခဲ့သည်​.........

ထို့အတူ.....
ရူးသွပ်​ခြင်းကိုလဲ မထင်​မှတ်​ဘဲ သင်​ယူခဲ့မိ၏....

သိပ်​​တော်​တဲ့ Oh Sehun......

~~~~~~~~PAIN~~~~~~~~~~~~

TBC:::::::::::::..

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

^^PAIN^^Where stories live. Discover now