နှလုံးသား​တည်​​နေရာအား လက်​ညှိုး​လေး​ထောက်​ကာ
ခပ်​ပြုံးပြုံး​ပြောလာ​သော သူ........

''ဟမ်​.....ဘာ...ဘာကို....''

''Xiao Lu​ကြောင့်​....
ဒီ​နေရာက အဆမတန်​ခုန်​ပြီး ခု​အောင့်​​နေပြီလို့.....
အဲ့တာကု​ပေး....''

''ဘယ်..ဘယ်လိုကုရမှာလဲ...''

.''ummmm.....ချစ်​တယ်​..ဆိုတဲ့စကား​လေးကြားရရင်​သက်​သာမယ်​ထင်​တယ်​....''

''Hun ကလဲ.....''

ပွေ့ထား​သော သူ့ကို ပစ်​ချကာ ခြံထဲထွက်​လာလိုက်​သည်​...
ရင်​ဘတ်​ထဲက သတ္တ၀ါရယ်​...​အေး​ဆေး​နေစမ်းပါ.....
သိပ်​ယွမ​နေနဲ့........

ခါးဘက်​ဆီမှ သွက်​ယှက်​လာ​သော လက်​နှစ်​ဘက်​​ကြောင့်​ ထခုန်​မိမတတ်​လန့်​သွားရသည်​....

''ချစ်​တယ်​လို့...Lu-ah.....
အ​ဖြေ​ပေးပါလို့.....​နော်​.......လို့...''

က​လေးတစ်​​ယောက်​မုန့်​ဖိုး​တောင်းသလိုကို
တောင်း​နေပါ​ရော့လား.......

''ချက်​ချင်းကြီး....မ​ပေးချင်​ပါဘူး...''

''ဘာချက်​ချင်းလဲ...လွန်​ခဲ့တဲ့ ၃ နှစ်​ကတည်းက ​ပြောထားတာ​လေ....''

''ဟမ်​...ခင်​ဗျားပဲ ကျွန်​​တော့်​ကိုမချစ်​​တော့ဘူးဆို...''

သူ​ခေါင်းကုတ်​သည်​......
ဆွဲ​ဆောင်​မှုရှိစွာ ဆံပင်​​တွေကို ဖွလိုက်​သည်​ဆိုလျှင်
ပိုမှန်​​ပေလိမ့်​မည်​.......

''​ဘယ်​သူ​ပြောတုန်း...မနာလိုသူ​တွေ​ပြောတဲ့ ​ကောလာဟလ ​တွေပါကွာ....
ကိုယ်​မင်းကို အမြဲလွမ်း​နေတာ ...မယုံရင်​ Chanyeol​မေးကြည့်​....''

သူမင်းကို​မျှော်​​နေခဲ့တာ...ဒီအ​တောအတွင်း....

Baek​ပြောခဲ့ဖူး​သောစကားအား နားထဲပြန်​ကြား​ယောင်​လာသည်​....သူ​ပြောတာဟုတ်​မှာပါ​လေ....
Baekက​တော့ ကျွန်​​တော့်​ကို မလိမ်​​လောက်​ပါဘူး...

''Lu....​ပြော​လေ..ချစ်​လားလို့...''

နားနားကပ်​​ပြောကာ နားတွင်းကိုပါ ​လေဖြင့်​မှုတ်​လိုက်​​သောသူ့​ကြောင့်​ အ​ကြော​တွေ​တောင်​ ကျဉ်​သွားသလို.....

^^PAIN^^Where stories live. Discover now