ကိုယ့်အတွေးနှင့်ကိုယ် ပြုံးကာ ခြံရှေ့ထွက်နေလိုက်သည်..
မကြာမီပင် taxiတစ်စီးဆိုက်လာကာ
ကားထဲမှ သူဆင်းလာသည်.....
သိပ်ပြင်ဆင်မထားဘဲ ရိုးရှင်းနေသော သူ့ပုံကပင်
တစ်မျိုးလေးဆွဲဆောင်မှုရှိနေပြန်သည်........
''Kaja..Xiao Lu..''
ကားပေါ်တက်လိုက်တော့ သူက ခါးပတ်ပတ်ပေးသည်..
နီးကပ်သွားသော သူ့မျက်နှာချောချော ကြောင့်
ကျွန်တော့်ရင်ခုန်သံတွေ အတိုင်းအဆမဲ့ဗလောင်ဆူနေပြီလေ........
အချိန်တစ်ခုကြာသည်အထိ ကားပေါ်ထိုင်ပြီးနောက်
Shopping mallလေးတစ်ခုထဲ ကားရပ်သည်......
ဈေးဝယ်ခြင်းတောင်းလေးကို ကျွန်တော်ဆွဲလိုက်တော့
သူက ပြန်ထားကာ တွန်းလှည်းလေးကိုယူ၍ တွန်းသည်.......
လိုအပ်သည်များကို ၀ယ်ခြမ်းကာ mallထဲမှပြန်ထွက်လာပြီး အိမ်ကိုသာ တန်းတန်းမတ်မတ်ပြန်လာခဲ့လိုက်သည်......
ဝယ်လာသမျှကို ကျွန်တော်ခုတင်ပေါ်တင်ကာ
Apron တစ်ယောက်တစ်ခုစီ ၀တ်ပြီး
ဖုန်အလိမ်းလိမ်းနှင့်လှပနေသော နေရပ်စံအိမ်အား
စတင်ရှင်းလင်းကြလေသည်.........
''Hun-ah...ရေတွေနဲ့သတိထားနော်...''
ကျွန်တော့်သတိပေးသံကြောင့် ကြမ်းတိုက်နေသော
သူ ကျွန့်ဘက်လှည့်ကာ...
''Gwinchana...ကိုယ်ဘာမှမဖြစ်...''
ဗုန်း......
''Hun!! ''
ပြောလို့မဆုံးသေးသူချော်လဲပြီလေ....
''အဆင်ပြေရဲ့လား...ဘာဖြစ်သွားသေးလဲ.....''
ကျွန်တော်ကသာ ပြာပြာသလဲ ...
သူကတော့ပြုံးဖြီးလို့...
''အင်း...နာတယ်...စူးပြီးတော့အောင့်နေတယ်...''
''ဟုတ်လား...ဘယ်နားနာတာလဲ..
ဆေးထည့်ရအောင်...''
''ဒီနားလေ....ဘယ်ဘက်ရင်အုံနားက...''
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~2~~
Start from the beginning
