126

311 17 0
                                    

အခန်း၁၂၆။သနားစရာ ထုံန်န်။

လီခယ့်ပြောမှ လီယင်စဉ်းစားမိသည်။ ယခုတလော ထုံနျန့်ကို မတွေ့မိသည်မှာ ကြာပြီဖြစ်သည်။ လီယင်ထင်ထားသည်က နောက်ဆုံးတစ်ခေါက်ဖြစ်သွားသည့်ပြဿနာကြောင့် အခဲမကျေဖြစ်ကာ လျန့်စံအိမ်တော်နှင့် လာမပတ်သက်တော့ခြင်းဖြစ်ပေမည်ဟုသာ ထင်ထားခဲ့၏။

“ ဘာဖြစ်သွားတာလဲ သူက ”

“ လွန်ခဲ့တဲ့ရက်ပိုင်းက မိတ်ဆွေအချို့နဲ့ စားသောက်ဆိုင်တစ်ခုမှာ အရက်ထိုင်သောက်နေတုန်း ဆိုင်ရှင်က သူဖုန်းစားတစ်ယောက်ကို မောင်းထုတ်နေတာ အစ်ကိုတော်တွေ့လိုက်ရတယ်။ အဲ့သူဖုန်းစားကို သေချာကြည့်မိတော့မှ အဲ့လူက ထုံနျန်ဖြစ်နေတော့တာပဲ။ အစ်ကိုတော်တောင် အတော်လန့်သွားတယ်။ ထုံနျန်လိုလူက ဒီလိုတစ်လ၊ နှစ်လလောက်လေးမှာတင် အခုလောက်ထိ ဖြစ်သွားတာ ဟုတ်ပါ့မလားပေါ့။ အဲ့လိုနဲ့ အကြောင်းစုံမေးကြည့်တော့မှ ဖြစ်ပုံက ဒီလို ညီတော်ရဲ့။ သူက ညီတော့်ရဲ့ရေမွှေး ပိုအကျိုးအမြတ်ရအောင်လို့ဆိုပြီး ရှိသမျှစည်းစိမ်တွေအပြင် ငွေတွေပါထပ်ချေးပြီးတော့ ရေမွှေးတွေအားလုံးဝယ်လိုက်တာ‌တဲ့။ ပါရှားပြည်ကို ပို့မယ်ဆိုပြီးတော့ပေါ့။ ကံဆိုးချင်တော့ အဲ့ဒါတွေအကုန်လုံးကို လမ်းမှာပဲ တူရကီလူမျိုးတစ်စုက ဓားပြတိုက်သွားတယ်တဲ့ ညီတော်ရေ ”

“ တူရကီလူမျိုးတွေက ဓားပြတိုက်တယ်တဲ့လား။ မြောက်ပိုင်းကတူရကီလူမျိုးတွေက အခြေကျနေတာ ကြာပြီမဟုတ်ဘူးလား။ ဘာလို့အခုအချိန်ထိ ပွက်လောတွေရိုက်နေရသေးတာလဲ ”

ထုံနျန်တစ်ယောက် ကံဆိုးပေစွ ဟု လီယင်တွေးမိလေသည်။

လီခယ့်၏ မျက်နှာတွင်လည်း စိုးရိမ်ကြောင့်ကြရိပ်များ သမ်းလျက်ရှိကာ -

“ စစ်သည်တော်တွေတော့ မရှိတော့ပေမယ့် လူတချို့တော့ ကျန်ခဲ့သေးတာပဲ။ တချို့တွေဆိုရင် တူရကီစစ်တပ်ကြီးကို ပြန်အသက်သွင်းဖို့အတွက် စစ်သူကြီးခန်းကျဲ့လီကို ပြန်ကယ်ဖို့ကြိုးစားနေကြတယ်ဘာညာတောင် ပြောနေကြသေးတယ် ” ဟု ပြောလေ၏။

အဆိုပါသတင်းကြောင့် လီယင်လည်း အင်မတန်ထိတ်လန့်သွားရကာ -

“ ဟင် .. ရှဲ့လီဆိုတာ အခုလက်ရှိ စစ်သည်တော်တွေအတွက် ညာလက်ရုံးစစ်သူကြီး မဟုတ်ဘူးလား။ အခုအချိန်မှာ သူ့အနေနဲ့ စိတ်ပြောင်းသွားတာ ဖြစ်နိုင်ပါ့မလား ” ဟု ပြန်မေးရာ -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now