168

146 13 0
                                    

အခန်း၁၆၈။ ကြီးမားတဲ့ဝယ်ယူမှု(၂)

ရာထူးကြီးသည့်အတွက် တာဝန်ကြီးမည်ဖြစ်သောကြောင့် ရှားယန်က အသုံးဝင်မည့်လူအနည်းငယ်ကို သူ့ဆီ ခေတ္တချထားပေးဖို့ လီယင်ကို တောင်းဆိုခဲ့ပြီး ဝယ်ယူထားသည့် စာရင်းအတိုင်း ပစ္စည်းတွေကို ဆင်ခြေဖုံးရပ်ကွက်ရှိ ဂိုဒေါင်ဆီသို့ သယ်ခိုင်းလိုက်သည်။

အဆိုပါပစ္စည်းများတွင် ဒီဇယ်သုံးစက်အင်ဂျင်နှင့် ဒီဇယ်ဆီစည် ရာနှင့်ချီသို‌လှောင်ထားသည့် ကားများ၊ ဆောင်းဂျုံစေ့တန်ချိန် ၂၀၀ နှင့် သက်ဆိုင်ရာ ဓာတ်မြေသြဇာများ၊ သစ်ခုတ်လွှ၊ သစ်တုံးများ၊ လက်မှုကြွေထည်များ စသည်တို့ ပါဝင်သည်။

ပုံနှိပ်စက်နှင့် စက္ကူပြုလုပ်ခြင်းအတွက် စက်ကိရိယာများလည်းပါဝင်သည်။

လုပ်ငန်းဆောင်တာများကို ရှင်းပြပြီးနောက် လီယင်သည် ပစ္စည်းအချို့ကိုယူပြီး ယီကျိုး အစိုးရရုံးကိုသွား၍ ကောင်းချွမ်နှင့်တွေ့ခဲ့သည်။

ကောင်းချွမ်သည် လီယင်မှ တည်ဆောက်ထားသော ချမ်အန်း မြေအောက်ပိုက်လိုင်းအကြောင်းကိုလည်း ကြားသိခဲ့ရပြီး လီယင်မှ ယီကျိုးမြို့တွင်လည်း ထိုကဲ့သို့တည်ဆောက်သင့်ကြောင်း အဆိုတင်သွင်းမှုကို ကြားသိခဲ့ရပြီဖြစ်သည်။ 

"မင်းသား ချမ်အန်းမြို့က ရေခဏခဏကြီးတတ်လို့ ရေအောက်ပိုက်လိုင်းတည်ဆောက်တာကဖြစ်သင့်တဲ့ကိစ္စပါ။ သို့ပေမဲ့ ကျွန်တော်မျိုးတို့ ယီကျိုးမြို့မှာတော့ ရေကြီးခြင်းမရှိတဲ့အတွက် တည်ဆောက်ဖို့မလိုအပ်ပါဘူး။ အခုလိုလုပ်ခြင်းက ပြည်သူတွေရဲ့အခွန်ငွေကို ဖြုန်းတီးနေတာပါဘဲ"

“‌ရေကြီးတဲ့အတွက် မြေအောက် ပိုက်လိုင်း ဆောက်ရတာလို့ ဘယ်သူပြောလဲ၊ ဒီမြေအောက်ပိုက်လိုင်းကို ကောင်းကောင်းအသုံးချဖို့ ငါတည်ဆောက်ခဲ့တာ၊ စိတ်မပူပါနဲ့ ဒီမြေအောက်ပိုက်လိုင်း ဖောက်လုပ်ရေး ကုန်ကျစရိတ်ကို ငါ့ရဲ့ရှုနန်းတော်ကဘဲ ကျခံပါမှာ၊ ဆိုလိုတာက ဒါက ငါကိုယ်တော်ရဲ့ကိုယ်ပိုင်ဆိုင်မှုပဲဖြစ်နေမှာပါ"

အမှန်တကယ်တော့ လီယင်သည် ချမ်အန်းမြို့မှ ယီကျိုးမြို့သို့ လာခဲ့ရခြင်း ရည်ရွယ်ချက်များတွင် မြေအောက်ပိုက်လိုင်းများ တည်ဆောက်ခြင်းလည်းပါဝင်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now