93

499 34 0
                                    

အခန်း၉၃။ အလုပ်အကိုင် မိတ်ဆက်ပွဲ

အရှင်မင်းကြီးလီရှစ်မင်၏ စွမ်းဆောင်ရည်သည် မြန်လှသည်ဟု ပြောရပေမည်။ နန်းတော်မှ ပြန်လာခဲ့ပြီးနောက် ဒုတိယမြောက်နေ့တွင် လျန့်မင်းသားစံအိမ်တော်ရှေ့၌ ကပ်ထားသော အလုပ်သမားစုဆောင်းရေး‌ ကြေငြာစာ၏ဘေး၌ နောက်ထပ်ကြေငြာစာတစ်ခု ထွက်ပေါ်လာသည်။  ဤကြေငြာစာကိုတော့ အရှင်မင်းကြီး လီရှစ်မင်၏ တစ်ဦးတည်းပိုင်မှင်ဖြင့် ရေးသားထားခြင်းသာ ဖြစ်လေ၏။

“ အခုအချိန်ကစပြီး ဘုရင်မင်းမြတ်က ရှန့်ထန်ကုန်သည်များအသင်းကနေ ထုတ်တဲ့ သတင်းစာကို ကိုယ်တိုင်ကိုယ်ကျ ပြန်လည်စီစစ်သုံးသပ်မယ်တဲ့။ အဲ့လိုသာဆိုရင် ကျုပ်တို့ရေးတဲ့ စာပေတွေကို အရှင်မင်းကြီးကိုယ်တိုင် ဖတ်မယ်ဆိုတဲ့အဓိပ္ပါယ်ပဲ မဟုတ်ဘူးလား ”

“ ဘယ်လိုပဲကြည့်ကြည့် အတုကြီးများလား။ အရှင်မင်းကြီးချီးကျူးတာ ခံရရင်တောင် ဂုဏ်သရေကျော်စောဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား ”

“ ဒါဆို ရှန့်ထန် ကုန်သည်များအသင်းရဲ့ သတင်းစာက နန်းတွင်းအကဲဖြတ်ပွဲလို ဖြစ်သွားတာပေါ့ ”

“ သတင်းရေးဖို့အတွက် ခေါင်းဆောင်တည်းဖြတ်သူနဲ့ တာဝန်ကျတည်းဖြတ်သူတွေကိုပဲ ခေါ်တာတော့ နှမြောစရာကြီးဗျ။ တခြားလူတွေရေးတဲ့ သတင်းသာဆိုရင် သူတို့ဆီမှာ အရင်အကဲဖြတ်ခံရပြီးမှ သတင်းစာထဲကို ပါမှာ‌ပဲ ”

“ အစ်ကို‌ ကျောက် ရဲ့ စကားက မှန်လိုက်တာဗျာ။ ဒါပေမယ့် ကျုပ်တို့လို ပညာတတ်တွေရဲ့ ဂုဏ်သရေကလည်း ညှိုးနွမ်းလို့ မဖြစ်သေးဘူးလေ။ ဒါနဲ့ ကျုပ် လုပ်စရာလေးရှိလို့ အရင်သွားနှင့်တော့မယ်ဗျာ ”

ထိုပညာရှိသည် ထိုသို့ပြောကာ သုတ်ခြေတင်လေ၏။

“ ညီလေး ကျန်း .. ဘယ်သွားမလို့လဲကွ ”

အစ်ကို ကျောက် ဆိုသူသည် ကြေငြာစာရှေ့တွင် စုပြုံနေသော လူအုပ်ကြီးထဲမှ တိုးထွက်ကာ လှမ်းအော်လိုက်သည်။

သစ်သီးဝလံရောင်းသူ အဘိုးက အားမလိုအားမရဟန်ဖြင့် -

“ ငတုံးရဲ့၊ ဟိုက လျန့်စံအိမ်တော်ကို သွားတာလေဟ ” ဟု လှမ်းပြောလိုက်တော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now