36

763 76 0
                                    

အခန်း၃၆။ မြေနေရာ အစီအစဉ်ချခြင်း။

မတန်တဆဈေးဖြင့် ရောင်းလိုက်သော မြေကွက်အား မကျေမနပ်ဖြင့်ပင် လီယင် ဝယ်လိုက်ရသည်။ ထို့နောက် အဆိုပါနေရာရှိ တောင်ကုန်းငယ်တစ်ခုသို့သွားကာ ၎င်းမြေကွက်၏ မြေမျက်နှာသွင်ပြင်ပြမြေပုံကို အကြမ်းရေးဆွဲကြည့်ပြီးနောက် ဤ ၂၀၀၀ ဧကမျှ ရှိသော မြေကွက်ကြီးကို မည်ကဲ့သို့ နေရာချ စက်ရုံတည်ဆောက်ရမည်ကို ထိုင်စဉ်းစားနေသည်။

အိမ်တော်အတွင်းရှိ စာဖတ်ခန်းထဲတွင် လီယင်တစ်ယောက် အားကြိုးမာန်တက် မြေကွက်ပုံဆွဲနေလေသည်။ သူ၏နံဘေးတွင် ယွင်အာက ရပ်ကာ ယပ်ခတ်ပေးနေလေသည်။ ထို့နောက် လီယင်က ပုံဆွဲခြင်းကို ခဏရပ်လိုက်ပြီး အကြောဆန့်နေရင်း တစ်ခုခုကို သတိထားမိသွားသည်။

“ အခုတလော စုမောအာကို မမြင်မိပါလား။ ” ဟု လီယင်ကပြောလိုက်ရာ ယွင်အာက -

“ ဟွန့်… အရှင့်သား စုမောအာကို လွမ်းနေတာမဟုတ်လား။ သိသားပဲ။ ” ဟု ညုတုတုပြောလေသည်။

“ ဒီမိန်းကလေးက တနေ့တခြား အပြောအဆို ရမ်းကားလာပါလား။ တင်ပါး ကြိမ်စာမိတော့မယ်။ ကြပ်ကြပ်သတိထား။ ” ဟု လီယင်က ကြိမ်းလိုက်သည်။

လီယင်နှင့် ရင်းနှီးလာပြီးနောက်ပိုင်း ယွင်အာသည် လီယင်၏ လွယ်လွယ် ဒေါသမထွက်တတ်သော စိတ်သဘောထားကို သိရှိလာပြီး တဖြည်းဖြည်း ပိုရဲတင်းလာတော့သည်။

လီယင်၏ ခြိမ်းခြောက်မှုအပေါ် ယွင်အာ နည်းနည်းမှမကြောက်ပေ။ ယွင်အာက ခန္ဓာကိုယ်ကို လှည့်ကာ တင်ပါးများကို ‌မြှင့်ပြလိုက်ပြီး -

“ ကျွန်‌တော်မျိုးမကတော့ အရိုက်ခံရဖို့ အဆင်သင့်ပါပဲ။ ” ဟု ရီဝေသော မျက်လုံးများဖြင့် ပြောလေသည်။

ယွင်အာ၏ နှစ်လိုဖွယ်ကောင်းသောပုံရိပ်ကို ကြည့်ရင်း လီယင် အာများခြောက်လာသည်။ သူ၏ စိတ်ထဲတွင်လည်း အတွေးနှစ်ခုက ဒွိဟဖြစ်လာတော့သည်။

*မင်းက မင်းသား၊ သူက အိမ်စေကွ။ သူနဲ့ အိပ်မိလို့လည်း ဘာတာဝန်မှ ယူစရာမလိုဘူး။ ဒီလောက်ကောင်းတဲ့အခွင့်အရေးမျိုး ဘယ်မှာရှိလို့လဲ။ သွားလိုက်..*

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now