4

1.2K 130 0
                                    

လီယင်

အခန်း၄။ မင်းသားတစ်ပါး၏ဘဝ

အပြစ်တင်စကားဆိုပြီးသွားသည်နှင့် လီခယ့်သည် လီယင်၏မျက်နှာ၌ အားနာသည့်အရိပ်အယောင်များ တွေ့ရလေမလားဟု မျှော်လင့်ချက်နှင့် တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော်ငြား လီယင်မှာ တွေဝေငေးမောကာ တစ်စုံတစ်ခုကို စဉ်းစားနေသည့်ပုံသာ တွေ့ရသည့်အတွက် လွန်စွာစိတ်ပျက်သွားလေသည်။

တကယ်တော့ လီယင့်ခမျာ တွေဝေ‌ငေးမောနေချိန်မရ။ အခုလက်ရှိအခြေအနေတွင် ဘာဆက်လုပ်ရင်‌ကောင်းမလဲ ဆိုသည်ကို စဉ်းစားအကြံထုတ်နေရလေသည်။ မျက်စိတမှိတ်‌အတွင်းမှာပင် ‌ထန်မင်းဆက်ဘုရင်၏ ခြောက်ယောက်မြောက်သားတော် မင်းသားတစ်ပါးဖြစ်လာခဲ့သည်မဟုတ်လား။ စင်စစ်မှာ အခုလို ရုတ်တရက် ဘဝအခြေအနေများပြောင်းလဲသွားခြင်းကြောင့် အတွေးများ ကပြောင်းကပြန်ဖြစ်ကုန်ကာ သတိလက်လွတ်ဖြစ်နေရခြင်းဖြစ်သည်။ သို့သော် ခဏအကြာတွင်တော့ သူ တစ်ဖန် စိတ်သက်သာရာ ရသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ၂၁ ရာစုခေတ်က သူသည် အခုထိ အလုပ်အကိုင်ရှာနေဆဲဖြစ်သော စာဂျပိုးတစ်ယောက်သာ ဖြစ်ပေမယ့် ယခုခေတ်တွင် သူသည် ရာနှုန်းပြည့် မင်းသားတစ်ပါးဖြစ်သည် မဟုတ်လား။ သူ့ကို ရွေးချယ်ခိုင်းရင်တော့ မင်းသားဘဝကိုပဲ ရွေးချယ်မိမှာ အမှန်ပင်။ အကယ်၍ အနာဂတ်ကာလကို ပြန်သွားချင်လျှင်လည်း လက်စွပ်ကို အသုံးပြုကာ ရေတွင်းကြီးမှတစ်ဆင့် အချိန်နှင့်နေရာခရီးသွားလိုဏ်ခေါင်းကိုဖြတ်၍ ပြန်သွားနိုင်တာပဲမို့ လိုအပ်လာလျှင် ဤမတူညီသော ကမ္ဘာနှစ်ခု၏ ကွဲပြားခြားနားသော အကျိုးအမြတ်များကို သင့်သလို အကျိုးရှိစွာ အသုံးချနိုင်ဦးပေမည်။

၎င်းကို တွေးမိသည်နှင့် -
“ ဟား .. ဟား .. ”

လီယင်တစ်ယောက် အိပ်ရာပေါ်မှာ ထိုင်နေလျက်ကပင် အသည်းအသန် သရုပ်ပျက်စွာ ရယ်မောနေလေရာ သူ၏ တံတွေးများပင် မြစ်ဝါမြစ်မှ ရေများလျှံကျလာသကဲ့သို့ ထိန်းမနိုင် သိမ်းမနိုင် စီးကျလာပါတော့သည်။

မကြာသေးခင်က ကြောင်အအပုံစံနှင့် ရှိနေရင်းမှ ယခု ရုတ်တရက် ညစ်ကျယ်ကျယ်ပြုံးရင်း တံတွေးများပါယိုစီးလာသဖြင့် လီခယ့်၏ ရင်ထဲတွင် မကောင်းသောနိမိတ်ကို မြင်လာတော့သည်။ ထို့ကြောင့် မျက်နှာပြန်တင်းသွားကာ လီယင်အား ကုသပေးလျက်ရှိသော နန်းတွင်းသမားတော်ဘက်သို့လှည့်၍ -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now