155

229 18 0
                                    

အခန်း၁၅၅။ မျန့်ကျိုး

ထန်နိုင်ငံတော်ကြီး တည်ထောင်ပြီးသည့်အခါ အဆိုပါ လူမျိုးစုတို့သည် လက်နက်ချ အညံ့ခံခဲ့ကြသည်။ သို့သော်လည်း တစ်ဖက်တွင် အင်အားလွှမ်းမိုးနေဆဲပင်။ မုံ့ရှယ်ကျောက်ဘက်မှ နန်ကျောက်ပြည်ကို တည်ထောင်ပြီးသည့်အခါ ၎င်းတို့သည် ရှုပြည်ကို ထပ်မံကျူးကျော်ပြန်ပြီး ယီကျိုးကို သိမ်းပိုက်ထားကြလေ၏။ ထိုစဉ်က ထန်နိုင်ငံတော်၏ လူဦးရေမှာလည်း သိပ်မများသေးသဖြင့် ပြန်လည်မတိုက်ထုတ်နိုင်ခဲ့ပေ။

အနောက်ဘက်ပိုင်းရှိ တုပါးသည် မျက်စိကျစရာကောင်းသည်။ မြောက်ပိုင်းမှ တုရူဟွင်းကတော့ အနှောင့်အယှက်များကို ခဏခဏခံနေရလျက်ရှိသည်။ တောင်ပိုင်းတွင်လည်း လူမျိုးခြားတို့က ကျုးကျော်နေကြ၏။ အနောက်တောင်ဘက်ပိုင်းကလည်း မအေးချမ်းပေ။ အဆိုပါနေရာမျိုး၏ မြို့တော်ဝန်ဖြစ်လာရသူ လီယင့်အတွက်ကတော့ မလွယ်ကြောပါပင်။ ကံကောင်းသည်က ယီကျိုးသည် ရှုပြည်နယ်၏ အလယ်ပိုင်းတွင် တည်ရှိသဖြင့် ၎င်းနယ်နိမိတ်များနှင့် ထိစပ်နေခြင်းမရှိ။ ထိုနေရာများတွင် စစ်ဖြစ်နေ‌လျှင်တောင် မိမိဘက်မှ စစ်တပ်ကို စေလွှတ်ကာ နှိမ်နင်းခိုင်းရုံပင်။ မိမိ၏ ယီကျိုးပြည်ထဲတွင်တော့ အေးချမ်းနေမည်သာ။

ယီကျိုးကိုရောက်နိုင်ရန် ပုံမှန်ဆိုလျှင် လဝက်ခန့် ကြာတတ်သည်။ မိုင်ပေါင်းထောင်ချီဝေးသည် မဟုတ်လား။ လီယင့်အနေနဲ့ကလည်း အလျင်မလိုသဖြင့် စိတ်အေးလက်အေးခရီးထွက်ရသကဲ့သို့ပင် ဖြစ်နေချေသည်။
ဆယ်ရက်ဆက်တိုက် ခရီးနှင်ပြီးသောအခါ နေဝင်ရီတရောအချိန်တစ်ခုတွင် ၎င်းတို့အဖွဲ့သည် ယာဉ်ရပ်နားစခန်းတစ်ခုရှေ့၌ ရပ်လိုက်ကြသည်။

အဆိုပါစခန်းသည် အရာရှိများ ခရီးသွားလာကြသည့်အခါ တည်းခိုရန်နှင့် အစားအစာထောက်ပံ့ပေးရန်အတွက် တည်ဆောက်ထားခြင်းဖြစ်ပေသည်။ မြင်းတစ်ကောင်၏ ပြေးနိုင်အားသည် လူထက် အဆပေါင်းများစွာ သာလွန်သော်လည်း ယခုလို ခရီးရှည်များအတွက်တော့ သူတို့အတွက် ပိုခက်ခဲလှလေသည်။ မြင်း၏ အစာစားနှုန်းကလည်း ၎င်းတို့၏ လမ်းလျှောက်နှုန်းထက် ပိုကြာသည်ဖြစ်ရာ သူတို့အစားသေချာစားနိုင်ရန်အတွက် အချိန်ခဏပေးရန် လိုအပ်ပေသည်။ လမ်းမှာတွေ့ရသော မြက်ခြောက်များကို စားနေရုံဖြင့် မလုံလောက်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now