98

470 32 0
                                    

အခန်း၉၈။ သတင်းအချက်အလက်နှင့် သတင်းထောက်လှမ်းရေး

သူမ၏ ဖခင်မှာ ရာထူးချခံရသောကြောင့် စိတ်ဓာတ်ကျကာ ထိုစိတ်နှင့်ပင် ဆုံးပါးသွားခဲ့သည်။ မိခင်ဖြစ်သူမှာလည်း လမ်းဘေးတွင် ငတ်ပြတ်သေဆုံးသွားကာ သူမ၏ညီမဖြစ်သူမှာလည်း သေလားရှင်လား မသိရပေ။ ကြုံခဲ့ရသော ဆင်းရဲဒုက္ခများကြောင့် စုမောအာ၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်အောက်တွင် ခိုင်မာတည်ငြိမ်ရဲရင့်လှ‌သည့် စိတ်နေစိတ်ထားတို့ ကိန်းအောင်းလျက်ရှိနေခဲ့သည်။ သမီးမိန်းက‌လေးတစ်ယောက် ဖြစ်ရခြင်းအပေါ် မုန်းတီး၊ ယောက်ျားတစ်ယောက်မဖြစ်လာခဲ့၍ ယူကြုံးမရခဲ့ရသော သူမသည် ယခုအခါ နန်းတွင်းမှ အရာရှိတစ်ဦးဖြစ်တော့မည်။ ယခုပင် လီယင်မင်းသားမှာ ဤကဲ့သို့သော ကြီးမားလှသည့် အခွင့်အရေးမျိုး သူမထံ ပေးအပ်ကာ သူမအပေါ်ယုံကြည်မှုအပြည့်ရှိ‌ကြောင်း သက်သေပြလိုက်ပြီမဟုတ်လား။ ဤသည်ကား တစ်သက်မှာ တစ်ခါသာ ရနိုင်မည့် ကြုံတောင့်ကြုံခဲအခွင့်အရေးပင် ဖြစ်သည်။ လီယင့်အတွက် သူမကို မလိုအပ်တော့သည့်အခါ လမ်းပေါ်ပြန်ရောက်ပြီး တခြားသူတွေအမြင်၌ ရောင်းကုန်ဝယ်ကုန် ကုန်ပစ္စည်းတစ်ခုကဲ့သို့ ပြန်ဖြစ်လာမှာကို သူမ တကယ်ကြောက်လန့်စိုးရွံ့နေခဲ့ရသည်။ အခု သတင်းအချက်အလက်ဌာနကို တာဝန်ယူပြီးတာနှင့်တပြိုင်တည်း လီယင်သည် မိမိအား ဘယ်တော့မှ စွန့်ပစ်တော့မည် မဟုတ်ပေ။

စုမောအာ၏လျင်မြန်လှသော အဖြေကြောင့် လီယင်ပင် ရုတ်တရက် အံ့ဩသွားသည်။ ထို့နောက် စုမောအာ၏ သွယ်လျလှသော ခန္ဓာကိုယ်ကြည့်ကာ သူ့ဆုံးဖြတ်ချက် မှားများမှားပြီလား ဟု သံသယဝင်လာတော့သည်။

“ ကဲ ... ဒါဖြင့်ရင်လည်း သတင်းထောက်လှမ်းရေး တရားဝင်စုဆောင်းလို့ရ‌အောင် အမိန့်စာ ထုတ်ပေးမယ် ”

လီယင်တော့ လီရှစ်မင်ဆီ အခစားဝင်ရပေဦးမည်။

“ တရားဝင်အမိန့်စာ ... ”

စုမောအာခမျာ မျက်လုံးပြူးလေးဖြင့် ကြည့်နေ၏။ ထို့ကြောင့် လီယင်လည်း ရယ်လိုက်ကာ -

“ ဒါပေါ့ ... မင်းက တရားဝင် သတင်းထောက်လှမ်းရေးအကြီးအကဲဖြစ်သွားပြီ ”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now