70

704 61 0
                                    

အခန်း၇၀။ လူစားလဲခြင်း

ထို့နောက် စက်ရုံတွင် လုပ်အားခရသော အလုပ်သမားဖြစ်လာပေမည်။ ဆန့်ကျင်ဘက်ကတော့ အလုပ်သေချာမလုပ်နိုင်လျှင် သို့မဟုတ် အလုပ်အတွက် အကျိုးမပြုလျှင် တခြားနေရာသို့ ပြန်ရောင်းစားခံရမည် ဖြစ်လေသည်။

“ အရှင့်သားရဲ့ ဆန်းသစ်လှတဲ့ အကြံဉာဏ်တွေကို ကျွန်တော်မျိုးမတောင် လိုက်မမီတော့ပါဘူး ”

ဆွေးနွေးပြီးသောအခါ စုမောအာက သက်ပြင်းချလျက် ပြောသည်။

“ ဒါပေမယ့် ကျွန်တော်မျိုးမအတွက် ပိုလေးစားဖို့ကောင်းတာက အရှင့်သားရဲ့ ကြင်နာသနားတတ်တဲ့ စိတ်ပါပဲ ”

“ အမယ် … ဒီကောင်မလေးတောင် မြှောက်ပြောတတ်လာပြီ ” ဟု လီယင်က မထိတထိ စလိုက်သည်။

“ အဲ့လောက်တောင် လေးစားနေရင်လည်း အနမ်းတစ်ခုလောက် ပေးပါလား ”

လီယင်က သူ၏မျက်နှာကို ညွှန်ပြကာ စပ်ဖြဲဖြဲ ပြောလိုက်သည်။

“ အရှင့်သားဟာ တော်တော်ကို ဆိုးတဲ့လူပဲ ” ဟု စုမောအာက ‌စိတ်တိုကာ ပြန်ပြောလိုက်လေတော့သည်။

“ ဟီးဟီး ”

စသင့်သလောက် စပြီးသွားသောအခါမှာတော့ လီယင်က ဆက်မစတော့ပေ။ စုမောအာသည် မိန်းမပိုဆန်ပြီး ယွင်အာလို မရဲတင်း မသွက်လက်ပေ။ ယွင်အာအကြောင်း‌တွေးမိရင်းနဲ့မှ လီယင်သည် ယွင်အာကို မတွေ့ရသည်မှာ ငါးရက် ခြောက်ရက်ခန့်ကြာပြီဖြစ်‌ကြောင်း သတိထားမိသွားသည်။ ထို့ကြောင့် -

“ အခုတလော ယွင်အာကို မတွေ့ပါလား ” ဟု မေးလိုက်ရာ စုမောအာက ဝမ်းနည်းသွားသည့်ဟန်ဖြင့် ပြောလေသည်။

“ ယွင်အာက သူ့ရဲ့ နေမကောင်းတဲ့အစ်မဝမ်းကွဲအစား အလုပ်လာလုပ်တာပါ အရှင့်သား။ ဒါကြောင့် တနေ့ကပဲ သူ့အစ်မပြန်ရောက်လာပြီး လူပြန်လဲလိုက်ပါပြီ ”

“ ဟုတ်လား …. ”

လီယင် အနည်းငယ် စိတ်ညစ်သွားသည်။

“ ဒီကောင်မလေး ကိုယ်တော့်ကိုတောင် နှုတ်ဆက်မသွားဘူးပဲ ”

ထိုအခါ ယွင်အာနှင့် ရင်းနှီးသော စုမောအာက -

“ တကယ်တော့ ယွင်အာက အရှင့်သားကို နှုတ်ဆက်မလို့ပါ။ ဒါပေမယ့် အရှင့်သားက မြင်းစီးသင်ရင်း အရမ်းအလုပ်များနေတာရယ်၊ သူ့အစ်မကလည်း အဲ့နေ့မှာပဲ ရုတ်တရက်ရောက်လာတာရယ်ကြောင့် နှုတ်ဆက်ခွင့် မရလိုက်တာပါ အရှင့်သား ” ဟု ရှင်းပြလေ၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now