24

952 101 0
                                    

လီယင်
(vip gpမှာ ၉၆ရောက်ပါပြီ)

အခန်း၂၄။ လီယင်၏ညီမတော် မင်းသမီးလေးများ(၂)

ရှန်းကျိုးပြည်တွင်နေစဉ်က လီယင်သည် ကောင်းသည့်အလုပ်တစ်ခုမျှ မလုပ်ခဲ့ပေ။ ယခုအချိန်အထိ သူ့အပေါ်ထင်မြင်လာသော အစ်ကိုကောင်းတစ်ယောက်ဟူသည့် ထင်မြင်ချက်ကို မဖျက်ဆီးမိစေရန်အလို့ငှာ ရှန်းကျိုးပြည်တွင် ယောက်ျား၊ မိန်းမ မရွေး သူနှိပ်စက်ခဲ့သည့်အကြောင်း ပြောပြလို့လည်းမဖြစ်ပေ။

ထို့ကြောင့် လီယင်သည် ခဏစဉ်းစားပြီးနောက် -
“ ရှန်းကျိူးပြည်ဟာ အလွန်ပျင်းစရာကောင်းတယ်။ အစ်ကိုတော်က အဲ့ဒီထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ ပုံပြင်တွေ ပြောပြမယ်။ ” ဟု စကားလွှဲလိုက်သည်။

အငယ်ဆုံးလေးဖြစ်သော ရှီးကျီက လက်ခုပ်တီးကာ -
“ ဟုတ်ပြီဟေး.. စစ်ကျီက ပုံပြင်တွေနားထောင်ရတာ အကြိုက်ဆုံးပဲ။ ” ဟု ပြောလိုက်လေသည်။

“ ကောင်းပြီ။ ဒီနေ့ အစ်ကိုတော် ပြောပြမယ့် ပုံပြင်လေးကတော့ ညအခါမှာ နတ်သမီးလေးတစ်ပါးနဲ့ တွေ့ခဲ့တဲ့ ဥယျာဉ်မှူးတစ်ယောက်အကြောင်း ပုံပြင်လေးပဲ။ ပုံပြင်လေးကို စပြောပြမယ်နော်။ သစ်ခုတ်သမားမိသားစုအိမ်ကလေးဟာ တစ်ညလုံးတိုက်ခတ်နေတဲ့ လေကြမ်းတွေနဲ့ မိုးဒဏ်ကြောင့် ပိတ်ထားလျက်ရှိတယ်။ အိမ်အပြင်မှာတော့ မိုးမခပင်ကြီးတွေနဲ့ တရုတ်ဇီးသီးပင်တွေ ရှိကြပေတယ်။ အိမ်လှေကားပေါ်မှာ တက်နေတဲ့ ရေညှိတွေကို တံမြက်စည်းနဲ့ လှည်းထားတဲ့အတွက် ထင်ဟပ်နေတဲ့ အစင်းကြောင်းလေးတွေဟာ အလင်းပြန်ပြီး အစက်အပြောက်လေးတွေသဏ္ဌာန် ထင်ဟပ်နေလေရဲ့။ ဒီပုံပြင်လေးဟာ စွေ့ … ”

ဤသို့ အစချီလျက် လီယင်က မင်မင်းဆက်ခေတ်တွင် ဖုန်းမုန့်လုံ ပြောကြားခဲ့သော ဒေသန္တရပုံပြင်တိုလေးတစ်ပုဒ်ကို ပြောပြလေသည်။ ပုံပြင်၏ ရည်ရွယ်ချက်မှာ ပန်းပွင့်လေးများကို ချစ်မြတ်နိုးတန်ဖိုးထားတတ်ရန် ဖြစ်လေသည်။ လွမ်းမောဖွယ်ကောင်းသော ဤပုံပြင်လေးသည် ယခုမင်းဆက်ခေတ်မှ လူများ၏ စိတ်ကူးယဉ်အတွေးများနှင့် ထပ်တူကျသည့်အပြင် လီယင်၏ စကားအလှဆင်မှုများကြောင့် မင်းသမီးလေးများမှာ ပုံပြင်ကို အလွန်သဘောတွေ့နေကြလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Onde histórias criam vida. Descubra agora