86

410 35 0
                                    

အခန်း၈၆။ အချီကြီးကံကောင်းသွားခြင်း

ဤနန်းဆောင်သည် စတုရန်းထောင်ပေါင်းများစွာလောက်ရှိကာ အင်မတန်ကျယ်ဝန်းပြီး များစွာသော သစ်သားဘောင်များလည်း ရှိကြသည်။ အဆိုပါ သစ်သားဘောင်များကို စနစ်တကျ လက်ရာသပ်ရပ်စွာ ပြုလုပ်ထားပြီး အဆိုပါဘောင်များကို အနီရောင်သန္တာကျောက်များ၊ ကျောက်မျက်များဖြင့် စီခြယ်ထားကာ ‌သစ်သားဘောင်များကို ပန်းချီများ၊ စာလုံးများ စသဖြင့် လှပစွာ ထွင်းထုထားကြသည်။

လီယင်ကား ကြက်သေသေသွား၏။ ရတနာတိုက်ထဲတွင် လှည့်ပတ်ကြည့်ရင်း မူးမေ့လဲတော့မတတ်ဖြစ်နေသည်။ အများကြီးအချိန်ယူစဉ်းစားပြီးသည့်နောက်မှာတော့ လီယင်သည် တစ်မီတာခန့်မြင့်သော အနီရောင်သန္တာကျောက်နှင့် လက်သီးဆုပ်ခန့်ပမာဏရှိသော ညပုလဲနှစ်လုံးကို ဆုအဖြစ် ယူဆောင်ခဲ့သည်။ ၂၁ ရာစုခေတ်တွင် များစွာသော ငွေကြေးပမာဏနှင့် လဲလှယ်နိုင်သော ပစ္စည်းသည်သာ လီယင့်အတွက် ဆုအဖြစ် ထိုက်တန်လေသည်။

နှစ်သက်ရာဆုကို ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် လီယင်လည်း ဝမ်ကွေ့ကို နှုတ်ဆက်ကာ ပြန်တော့မည်အပြုတွင် တံခါးနားတွင် ထားထားလျက်ရှိသော ကျောက်တုံးကြီးတစ်တုံးက လီယင်၏ အာရုံကို ဖမ်းစားလိုက်လေသည်။

“ ဝမ် အထိန်းတော်၊ ဒီကျောက်တုံးကို ကြည့်ရတာ သာမန်ကျောက်တုံးကြီးလိုဖြစ်နေပါရက်နဲ့ ဘာကြောင့် ဒီထဲ ထားထားရတာလဲ ” ဟု လီယင်က မေးလိုက်၏။

ထိုအခါ ဝမ်ကွေ့လည်း သဘောကျစွာ ရယ်မောကာ -

“ ဒီကျောက်တုံးကို ဟိုးမိုင်ပေါင်းများစွာကွာဝေးတဲ့ ပျူနိုင်ငံ‌တော်ဆီက လာတဲ့ သံတမန်တွေက အရှင်မင်းကြီးဆီကို လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သခဲ့တာပါ။ အရှင်မင်းကြီးကတော့ ဒီကျောက်တုံးကို မလှမပနဲ့ အဖိုးမတန်ဘူးဆိုပြီး မကြိုက်ပေမယ့် ပျူသံတမန်တို့နဲ့ မျက်နှာပျက်စရာမဖြစ်ချင်လို့ လက်ခံခဲ့တာ။ နန်းတော်ထဲထိ လက်ခံထားပေမယ့် ရတနာတိုက်ထဲအထိတော့ အထည့်မခံဘူးလေ။ အဲ့လို သေးငယ်နုံချာလှတဲ့ တိုင်းပြည်က ပစ္စည်းက ဘယ်လောက်အဖိုးတန်မှာမို့လို့တုန်း ” ဟု ရှင်းပြလေ၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Место, где живут истории. Откройте их для себя