164

147 12 0
                                    

အခန်း၁၆၄။ အမိန့်နာခံခြင်း

ရှန့်ကွမ်ရီ၏ မျက်နှာသည် မဲမှောင်နေသော တိမ်တိုက်သကဲ့သို့ပင်။ ရှန့်ကွမ်ရီ၏မျက်နှာအမူရာပြောင်းလဲမှုသည် သူ၏အတွင်းစိတ်လှုပ်ရှားမှုကို ထင်ဟပ်စေသွားသည်။

လီယင်၏ လေသံသည် တင်းမာရာမှ နူးညံ့သိမ်မွေ့သွားသည်။

"မင်းက အိမ်ရှေ့မင်းသားနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ဆိုတာ ငါသိတယ်၊ ဒါပေမယ့် မင်းကို ယီကျိုးမြို့ဆီကို ငါရောက်အောင်ခေါ်လာနိုင်သေးတာက ဘာဖြစ်လို့လဲသိလား"

ရှန့်ကွမ်ရီသည် လီယင်ကို မော့ကြည့်ပြီး ခေါင်းခါယမ်းပြလိုက်သည်။

" ယီကျိုးမြို့ကို အုပ်ချုပ်ရာမှာ ကူညီပေးနိုင်မဲ့ အရည်အချင်းရှိတဲ့ အရာရှိတစ်ယောက်ကို လိုအပ်‌နေတာကြောင့်ဘဲ၊ ကမ္ဘာကြီးကို အုပ်ချုပ်နိုင်တဲ့ အရည်ချင်းမျိုးရှိတဲ့သူတစ်ယောက်ကို အခန်းငယ်လေးမှာ မြှုပ်နှံထားတာကို မတွေ့ချင်တာကြောင့်ဘဲ"ဟု လီယင်က အကျိုးသင့်ပြောပြသည်။

ရှန့်ကွမ်ရီ၏ ခံစားချက်များမှာ ငြိမ်သက်သွားသည်။ လီယင်၏စကားများသည် အမှန်တကယ်ပင် သူ့အတွက် ကြီးမားသောသွေးဆောင်မှုတစ်ခုဖြစ်သော်လည်း သီလရှိသော  သခင်နှစ်ဦး၏ ကွန်ဖြူးရှပ်ဝါဒကို ဂရုမစိုက်ပေ။ ရှင်းလင်းမရသော အတွေးများက သူ့ကို ငြိမ်သက်စေခဲ့သည်။

ရှန့်ကွမ်ရီ၏ တိတ်ဆိတ်မှုအပေါ်  လီယင် အနည်းငယ် စိုးရိမ်သွားပြီး သူ့နည်းဗျူဟာ မအောင်မြင်ခဲ့သည့်အတွက်လည်း စိတ်ပျက်သွားမိသည်။

ရှန့်ကွမ်ရီ၏မျက်လုံးများကို စိုက်ကြည့်ရင်း လီယင်က " အခုချိန်မှာ မင်းကို ငါကိုယ်တော်သတ်ပစ်မှာကို မကြောက်မိဘူးလား"

"ကျွန်တော်မျိုးရဲ့သစ္စာစောင့်သိမှုကို သမိုင်းရေးထိုးနိုင်အောင် အခွင့်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင့်သား သို့ပေမဲ့..." ရှန့်ကွမ်ရီ၏အသုံးအနှုန်းမှာ ထူးဆန်းလှသည်။

ချင်ဟွိုက်ရီလဲ ဒေါသထွက်လာခဲ့ပြီ "ဒါဆို မင်းရဲ့နောက်လိုက်တွေကို ငါသတ်ပစ်မယ်"

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Unde poveștirile trăiesc. Descoperă acum