35

741 82 0
                                    

အခန်း၃၅။  မြေဝယ်၍ စက်ရုံများကို ဆောက်လုပ်ခြင်း။

မူလအကြံပျက်သွားပြီဖြစ်ရာ လီယင်လည်း ချမ်အန်းမြို့ဆီသို့ ပြန်လာခဲ့ရာ အနောက်ဂိတ်မှအဖြတ်တွင် မြင်လိုက်ရသော တောင်ချိုင့်လေးတစ်ခုက သူ၏ စိတ်အာရုံကို ဖမ်းစားလိုက်တော့သည်။ အဆိုပါ တောင်ချိုင့်လေးတွင် မြေလွတ်အကျယ်ကြီးရှိတာ ဘေးသုံးဖက်လုံးတွင်လည်း တောင်များဖြင့်ကာရံထားလျက်ရှိရာ ထွက်ပေါက်တစ်ခုသာရှိလေသည်။ စက်ရုံတည်ဆောက်ရန် အကောင်းဆုံးနေရာပင်တည်း။

“ အဲ့ဒီ့နေရာကိုပြန်သွားပြီး ဘယ်သူပိုင်တဲ့မြေကွက်လဲဆိုတာ သွားစုံစမ်းခဲ့ချေ။ ” ဟု လီယင်က ကျင်းတချမ်အား ခိုင်းလိုက်သည်။

ခေါင်းလျှော်ရည်လုပ်ငန်းမှာ လေထုမညစ်ညမ်းစေသော်လည်း ဝိုင်လုပ်ငန်းက ပြဿနာရှိသည်။ စံအိမ်တော်တွင် ယခုအခါ မီးခိုးမည်းများဖြင့် အမြဲဖုံးလွှမ်းနေချေပြီ။ အနာဂတ်ခေတ်မှာသာဆို လေထုညစ်ညမ်းစေမှုကြောင့် ပတ်ဝန်းကျင်ထံမှ သေချာပေါက် ပြဿနာအရှာခံရပေမည်။

နေ့လည်ခင်းတွင်တော့ ကျင်းတချမ်လည်း ပြန်ရောက်လာပြီး မြေကွက်အကြောင်း သတင်းအချက်အလက်များ သိလာလေသည်။ အဆိုပါမြေသည် နန်းတွင်းရေးရာဆိုင်ရာ ဝန်ကြီးတစ်ဦးဖြစ်သည့် လင်းယန်အဆောင်တော်ရှိ သူရဲကောင်း ၂၄ဦး အနက်မှ တစ်ဦးဖြစ်သူ ထန်ကျန့်၏ မြေကွက်ပင် ဖြစ်ချေတော့သည်။

ထန်ကျန့်နေရာတွင် အခြားပမွှားအရာရှိများသာဆိုလျှင် လီယင်၏ ရာထူးအရှိန်အဝါကို ကြောက်ရွံ့ကာ မြေကွက်အား ဒီအတိုင်းပေးလိုက်မည်ဖြစ်သော်လည်း ထန်ကျန့်မှာ အရှင်မင်းကြီးလီရှစ်မင်၏ သွေးသောက်ညီအစ်ကိုဖြစ်နေလေရာ မလွှဲသာမရှောင်သာ သွားရောက်တွေ့ဆုံရပေတော့မည်။

အသက်ငါးဆယ်အရွယ်ခန့်ရှိပြီဖြစ်သော ဟူပိ ရှန့်ရှု ထန်ကျန့်သည် လီယင်မင်းသားအား ကြိုဆိုသည့်အနေဖြင့် အသေးစား စားပွဲသောက်ပွဲတည်ခင်းလေသည်။ အဆိုပါ စားပွဲသောက်ပွဲတွင် ထန်ကျန့်သည် လီရှစ်မင်နှင့်အတူ တိုက်ပွဲဝင်ခဲ့ရသော နေ့ရက်များအကြောင်း ပြောပြသည်။ ထန်ကျန့်သည် ပြောနေရင်းပင် စိတ်လှုပ်ရှားကာ ကခုန်ခြင်း၊ အရက်သောက်ခြင်းနှင့် သီချင်းဆိုခြင်းများ ပြုလုပ်လျက်သာ ရှိနေလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now