80

547 37 0
                                    

အခန်း(၈၀) ချစ်မိခြင်း

အခန်းထဲတွင် ငေးမှိုင်လျက်ရှိသော လောရှောင်ရီ၏ အနားသို့ ချန် လည်း ကပ်သွားလိုက်ရင်း -

“ သမီး ဒီအတောအတွင်း ဒုက္ခအများကြီး ခံခဲ့ရတာ သိပါတယ်။ သန်ဘက်ခါဆိုရင် နန်းတော်ထဲ အခစားဝင်လို့ရပြီ သမီး။ လီယင်ကို အဖော်ပြုပေးနေစရာ မလိုတော့ဘူး။ သမီးခန္ဓာကိုယ်ကို ပေးဆပ်ခဲ့ရတာ ဘယ်လောက်ခက်ခဲလိုက်ရှာမလဲ ” ဟု ပြောသောအခါ လောရှောင်ရီမှာ အင်မတန်ထိတ်လန့်သွားကာ -

“ မြန်လိုက်တာ။ လဝက်လောက်တောင် မရှိသေးဘူး မဟုတ်လား ” ဟု မေးလိုက်သောအခါ ချန် က -

“ အရှင့်သားက သမီးကို အတော်သဘောကျပုံရတယ်။ အခုလို စောစောစီးစီး နန်းတော်ထဲ အခစားဝင်ခွင့်ပေးတာ ကြည့်ရတာ အရှင့်သား စိတ်ပျော်ရွှင်နေပုံရတယ်။ အဒေါ်တို့ကိုလည်း ကျေးဇူးဆပ်ချင်လို့ပါတဲ့။ မင်းသားတစ်ပါးဖြစ်နေပြီး ဒီလောက်ထိ ငမ်းငမ်းတက်ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့တာတော့ အမှန်ပဲ ” ဟု ကဲ့ရဲ့သည့် လေသံနှင့် ပြန်ပြောလိုက်၏။

“ သန္ဘက္ခါတဲ့လား … ”

လောရှောင်ရီ၏ အသံကား စိတ်နှင့်ကိုယ်နှင့်မကပ်။

“ ဟုတ်တယ်။ သန်ဘက်ခါ။ အဒေါ်တို့ လက်စားချေခွင့်ရမယ့်ရက် မကြာခင်ရောက်လာတော့မယ်။ ရှောင်ရီရေ… သမီးနဲ့ အဒေါ်တို့ မကြာခင်မှာ လက်စားချေနိုင်တော့မယ်ဟေ့။ လီရှစ်မင် … နေနှင့်ဦးပေါ့ ” ဟု ကြုံးဝါးလိုက်လေ၏။

လောရှောင်ရီ၏ မျက်နှာမှာ သွေးဆုတ်သလို ဖြူလျော်သွားပြီး သူမ၏ အာရုံထဲတွင် များစွာသော ပုံရိပ်များ ထင်ဟပ်လာသည်။ ထိုပုံရိပ်များထဲမှာမှ စိတ်ထဲ သိသိသာသာ နောက်ဆုံးကျန်ခဲ့သည်က ၂ပုံတည်း။ ပထမတစ်ပုံမှာ သူမမိဘများ၏ မရှုမလှသေပွဲဝင်ခဲ့ရသောပုံဖြစ်ကာ နောက်တစ်ပုံကား လီယင်၏မျက်နှာပင်တည်း။ ၎င်းပုံရိပ်နှစ်ခုအကြား တစ်ပုံပေါ်လိုက် တစ်ပုံပျောက်လိုက်နှင့် ဗျာများနေရသော လောရှောင်ရီမှာ ရူးမတတ်ခံစား‌နေရရှာလေသည်။

“ အဒေါ်၊ သမီး ခဏလောက် တစ်ယောက်တည်း နေချင်လို့ပါ ”

လောရှောင်ရီက ရှိသမျှ အားလက်ကျန်ဖြင့် ပြောလိုက်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now