40

731 73 0
                                    

အခန်း၄၀။ အချိန်ခရီးသွားခြင်းမှ ယူဆောင်လာသော ပြောင်းလဲမှုများ။

ဤကမ္ဘာမြေနှင့် စပ်လျဉ်း၍ တွေ့ရှိထားသော သိပ္ပံနည်းကျအယူအဆများအရဆိုလျှင်တော့ မည်သည့် အချိန်နှင့်နေရာခရီးသွားခြင်းအတွက်မဆို ကြီးစွာသော စွမ်းအင်ပမာဏ လိုအပ်ပေလိမ့်မည်။ ထိုအခြင်းအရာသည်ပင်လျှင် ယခုလက်ရှိ လီယင်တစ်ယောက် ရင်ဆိုင်နေရသော အခက်အခဲတစ်ရပ် ဖြစ်ပေသည်။ ထိုအချိန်မှာပင် စွမ်းအင်တံခါးပေါက်ပေါ်၌ အနီရောင်အချက်ပြမီး လင်းလာပြီး ပြဿနာတစ်စုံတစ်ရာဖြစ်နေကြောင်း အချက်ပြသည့် သင်္ကေတများ ပေါ်လာတော့သည်။

“ ငါဘာလုပ်ရင် ‌ကောင်းမလဲ ”

လီယင်တစ်ယောက် ခေါင်းကို အလုပ်ပေးကာ အကြံထုတ်နေရသည်။

အချိန်နှင့်နေရာ ခရီးသွားနိုင်သည့် လိုဏ်ခေါင်းအတွင်းတွင် မူမမှန်သည့်ပြဿနာများ ပေါ်ပေါက်လာပြီးနောက်မှာ လီယင်တစ်ယောက် အဘိုးချန်ထားရစ်ခဲ့သည့် စာလေးအား ဂရုတစိုက်ပြန်လည်ဖတ်ရှူမိသည်။ ထိုအခါမှသာ စာ၏အဆုံးတွင် ပါရှိသော မှတ်စုတိုလေးထဲမှာ ‌ပြဿနာကိုဖြေရှင်းရန် နည်းလမ်းအား တွေ့ရှိသွားပြီး နောင်အခါများတွင်တော့ လီယင် စိတ်တိုင်းကျ အချိန်ခရီးသွားနိုင်တော့မည် ဖြစ်ကြောင်း သိလာရသည်။

အချိန်နှစ်ခုကြား၊ နေရာနှစ်ခုကြားတွင် လိုသလိုလှုပ်ရှားနိုင်ပြီဖြစ်သည့်အတွက် ယခုလျှို့ဝှက်ချက် ပေါက်ကြားမည့်ရန်ကိုလည်း စိတ်ပူစရာမလိုတော့ပေ။ သို့သော်ငြားလည်း လီယင်၏ အပြုအမူများမှာ နီးစပ်ရာလူများအတွက်တော့ ယခင်ကတည်းက ထူးဆန်းနေခဲ့သည် မဟုတ်ပါလား။

ဤအဖြစ်အပျက်များကို ကြိုတင်တွက်ဆထားမိပြီးဖြစ်သော အချိန်နှင့်နေရာခရီးသွားခြင်းဆိုင်ရာ ထိပ်တန်းကျွမ်းကျင်ပညာရှင်ဖြစ်သူ လီယင်၏အဘိုးသည် သူ၏မြေးဖြစ်သူသာ ဤလျှို့ဝှက်ချက်ကို သိရှိသွားပါက အချိန်ခရီးသွားခြင်းကို သေချာပေါက် သွားလိုက်၊ ပြန်လိုက် လုပ်နေမည်ဆိုသည်ကို သိသောကြောင့် စွမ်းအင်ဝင်ပေါက်တွင် အကောင်းတကာ့ အကောင်းဆုံးဖြစ်သော လုပ်ဆောင်ချက်တစ်ခုကို ထည့်သွင်းဒီဇိုင်းဆွဲခဲ့လေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now