62

732 58 0
                                    

အခန်း၆၂။ မြင်းစီးသင်ခြင်း

လီယင် ဝယ်ယူထားခဲ့သော စက်ကိရိယာများ၏ အဆင့်အတန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခေတ်ဦးပိုင်းလောက်က ပုံစံနှင့် ဆင်တူရာ တိုးတက်လျက်ရှိသော ထန်မင်းဆက်ခေတ်မှ လူများအဖို့ အသုံးပြုနိုင်ရန်မှာ သိပ်မခက်ခဲလှပေ။ စက်ကိရိယာများအားလုံးသည် ခလုတ်များ၊ ဒေတာများနှင့် ထိန်းချုပ်ရသည့်အရာများမဟုတ်ပဲ လူကိုယ်တိုင် ထိန်းချုပ်ရသော စက်များသာ ဖြစ်ကြလေသည်။

အလုပ်ရုံသုံးခုအနက် လီယင် စိတ်အပူဆုံးမှာ စက္ကူထုတ်စက်ရုံပင် ဖြစ်လေသည်။ ဝိုင်လုပ်ငန်းအတွက်မှာ ယခင်ကတည်းက လုပ်လက်စ အလုပ်သမားဟောင်းများရှိသည့်အတွက် ပေါင်းခံစက်များနှင့် လူအနည်းငယ်လောက် ထပ်ဖြည့်လိုက်ရုံနှင့် ရသည်။ ကျန်တာမခက်ခဲပေ။ စက္ကူထုတ်စက်ရုံအတွက်တော့ အလုပ်သမားများမှာ လူသစ်များသာ ဖြစ်သည့်အပြင် စက္ကူထုတ်ပြီးသွားလျှင်တောင်မှ ပုံနှိပ်နိုင်မည့် အရည်အချင်းရှိသည့် အလုပ်သမားတစ်ဦးမှ မရှိ။ ဝယ်ယူလာခဲ့သော ကျွန် ငါးဆယ်ကို လီယင် မေးကြည့်ခဲ့ပြီးလေပြီ။ တစ်ယောက်မှ စာမဖတ်တတ်ကြပေ။

လီယင်ဝယ်ယူခဲ့သည့် စက္ကူထုတ်ရန် လိုအပ်သော စက်ကိရိယာများတွင် ချက်ပြုတ်ရမည့် အိုးကြီးများ၊ ဆန်ခါစစ်များ၊ စက္ကူလုပ်ရန် ကန်ကြီးများ၊ ဖိ၍ရသည့် စည်ပိုင်းများ၊ သစ်သားကြိတ်စက်များနှင့် အခြားကိရိယာများ ပါဝင်လေသည်။ အဆိုပါ စက်များအားလုံးသည်လည်း အပေါ်တွင် ဖော်ပြခဲ့သည့်အတိုင်း လူကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ရသော စက်များဖြစ်ကြသည်။ စက္ကူထုတ်ခြင်း လုပ်ငန်းအဆင့်ဆင့်မှာ တူသော်လည်း စက်ကိရိယာများကတော့ ထန်မင်းဆက်ခေတ်ထက် ခေတ်ရှေ့ပြေးလျက်ရှိသည်။ စက္ကူထုတ်ရန် လိုအပ်သော ပစ္စည်းများဖြစ်သည့် ထုံးနှင့် အယ်ကာလီ ( alkali ) တို့ကိုလည်း အမြောက်အများဝယ်ယူထားသည်။ ၎င်းတို့သည် ဈေးပေါသော ပစ္စည်းများဖြစ်သည့်အလျောက် လီယင်သည် တခါတည်းနှင့် အများကြီးဝယ်ယူကာ စတိုခန်းထဲ၌ သိုလှောင်ထားလိုက်သည်။ သူဝယ်ထားသော ပမာဏနှင့်ဆိုလျှင် တစ်နှစ် သို့မဟုတ် နှစ်ဝက်ခန့် အသုံးခံပေမည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now