77

618 45 0
                                    

အခန်း ၇၇။ သတင်းစာအပေါ် မျှော်မှန်းချက်

“ အရှင့်သား၊ စက္ကူထုတ်စက်ရုံမှာ သတင်းစာစက္ကူတွေ တော်တော်များများထုတ်လုပ်ပြီးပါပြီ။ ဆက်ပြီး ထုတ်လုပ်ရဦးမလား ” ဟု စုမောအာသည် ပုံမှန်အတိုင်း လုပ်ငန်းအကြောင်း အစီရင်ခံသည်။ လီယင်သည် ယခုလက်ရှိ သတင်းစာစက္ကူထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ အလွန်စိတ်ကျေနပ်လျက်ရှိသည်။ အမှတ်ပေးစနစ်သတ်မှတ်လိုက်ပြီးသည်နှင့် ကျွန်လုပ်သားတို့၏ အလုပ်လုပ်ချင်စိတ်မှာ အင်မတန်ပြင်းပြလာကာ အလုပ်သမားတစ်ယောက်ချင်းစီတိုင်းသည် သူ့ထက်ငါအပြိုင် ကြိုးစားလုပ်ကိုင်လာကြ၏။

စုမောအာမေးလိုက်သည့်စကားကို လီယင်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် -

“ ဆက်ပဲထုတ်လိုက်ပါ။ အခုကြည့်တော့သာ များတယ်ထင်ရတာ။ အဲ့ဒီစာရွက်တွေပေါ် ပုံနှိပ်ပြီး သတင်းစာ စဖြန့်တာနဲ့ စာရွက်မလောက်ဘူးဆိုတာ သိသွားလိမ့်မယ် ” ဟု ပြန်လည်ညွှန်ကြားလိုက်သည်။

“ သတင်းစာ ...အရှင့်သား ပြောပြောနေတဲ့ အဲ့ဒီ သတင်းစာဆိုတာ ဘာလဲဟင် အရှင့်သား ”

လီယင်က ခဏ ခဏ သတင်းစာအကြောင်းပြောနေသဖြင့် စုမောအာလည်း သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ မေးလိုက်တော့သည်။

သတင်းစာအကြောင်း ပြောရလျှင် ဤခေတ်၏ ပထမဆုံးသတင်းစာသည် ထန်မင်းဆက်ခေတ် ရွှယ်ကျုံဘုရင်လက်ထက် ပေါ်ပေါက်ခဲ့သော ခိုင်းယွမ် အထွေထွေသတင်းစာဖြစ်သည်ဟု သမိုင်းစာအုပ်များထဲတွင် ဖတ်ရဖူးသည်။ သို့သော်လည်း ၎င်းသတင်းစာကို နန်းတွင်း၌သာ ဖြန့်ချီခဲ့ပြီး သာမန်ပြည်သူများထံ မဖြန့်ဝေခဲ့သဖြင့် ထင်သလောက်‌မအောင်မြင်ခဲ့ပဲ ကာလအနည်းငယ်အကြာမှာပင် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရသည်။ ၎င်းနောက်မှသာ ‘ကျင်းကျိုးယွမ်ပေ’ ‘ကျောင်းပေ’ နှင့် ‘ အထွေထွေ သတင်းစာ ’ စသည့် နိုင်ငံပိုင် သတင်းစာများ ဆက်လက်ပေါ်ပေါက်လာခဲ့သည်။ ထန်မင်းဆက်၏ ကျမ်းကွမ်ခေတ်တွင်တော့ သတင်းစာ ပေါ်ပေါက်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဤတခါတွင်လည်း လီယင် အသာစီးရ‌ဦးပေမည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now