167

255 15 0
                                    

အခန်း၁၆၇။ ကြီးမားတဲ့ဝယ်ယူမှု(၁)

က‌ျင်းတချမ့်သည် နန်ဟဲမြစ်ဘေးတစ်လျှောက်သို့ ရောက်ရှိလာသောအခါတွင် အစေခံတစ်ရာကျော်အား ၎င်းတို့၏ကိုယ်ပိုင်အိမ်များ ဆောက်လုပ်ရန် စေခိုင်းလိုက်သည်။

အစေခံခေါင်း‌ဆောင်လီမင်းသည် ကျင်းတချမ့်နှင့်အတူ ချမ်အန်းမှ လိုက်လာခဲ့ပြီး စိုက်ပျိုးရေးနည်းစနစ်ကို လေ့လာလိုခဲ့သည်။ လီမင်းလက်အောက်တွင် ကျွန်တစ်ဒါဇင်ကျော်ရှိပြီး ချမ်အန်းနှင်လီကျိုးမြို့အပါဝင် အခြားမြို့များကို အစေခံများကို ပို့ဆောင်ပေးနေရသူလည်းဖြစ်သည်။

ယန်းလီသည် အစေခံအနည်းငယ်ကို ပြောဆိုညွှန်ကြားနေပြီး လီယင်နှင့် ကျင်းတချမ့် ရောက်ရှိလာသည်ကို မြင်သောအခါ "ကျွန်တော်မျိုး အရှင့်ထံအခစားဝင်ပါတယ် "

ယန်းလီသည် ဆောက်လုပ်ရေးအလုပ်ရုံတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး သူ၏ အကျွေးများကို ပယ်ဖျက်နိုင်ခဲ့သောကြောင့် ကျွန်အဖြစ်မှ လွတ်မြှေုက်လာခဲ့သူဖြစ်သည်။

ဤတစ်ကြိမ်တွင် သူသည် လီယင်နှင့်အတူ ယီကျိုးမြို့သို့ စိုက်ပျိုးရေးလုပ်ဆောင်ရန် အတူလိုက်ပါခဲ့ခြင်းဖြစ်သည်။

"ဝမ်လီ ဘာဖြစ်တာလဲ"

လီယင်က အရှေ့ရှိမြင်ကွင်းကို မြင်ပြီးနောက် မေးလိုက်သည်။

"မင်းသားထံ အစီရင်ခံရလိုသည့် အကြောင်းရာမှာ အသစ်ဝယ်ယူထားသော လွှက အစေခံများရဲ့ အသုံးမပြုတတ်ခြင်းကြောင့် ပျက်စီးသွားရပါတယ်။ ထို့ကြောင့် အစေခံကို အနည်းငယ်ကို ပြောဆိုဆုံးမနေခြင်းဖြစ်ပါတယ်"ဟု ယန်းလီက လျှောက်တင်သည်။

လီယင်သည် ချမ်အန်းမြို့တော်တွင် ရှိစဉ်က လေလံပွဲပြင်ဆင်မှုများကြောင့် ပိုက်ချောအလုပ်ရုံများကို မလေ့လာဖြစ်ခဲ့ပေ။ဘသူသည် လွှများကို အထူးစိတ်ဝင်စားသည်ဟု ဆိုသည်။ သမိုင်းစာအုပ်များအရ လုဘမ်သည် လက်သမားလုပ်ငန်းကို ပိုမိုလွယ်ကူစေရန် လွှများ၊ ပေါက်စိန်များနှင့် တူကဲ့သို့သော ကိရိယာများကို တီထွင်ခဲ့သည်။ဘထိုခေတ်တွင်  လွှပုံသဏ္ဍာန်ကို အနည်းငယ်သာ မြင်ဖူးသောကြောင့် “ငါ့ကို ကြည့်ဖို့ ခေါ်သွား‌ပေး” ဟုပြောလိုက်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now