169

177 19 0
                                    

အခန်း၁၆၉။ ယီကျိုးမြို့ပြင်ရှိ ပြည်သူများ၏ အခြေနေ

စွေ့ယင်ယင်ကို ပုံပြင်ပြောပြပြီး အဆုံးမှာတော့ လီယင်ကိုယ်တိုင်လည်း ပုံပြင်ပြောရင်း အိပ်ပျော်သွားခဲ့‌တော့သည်။

လီယင်သည် မနက်နေရောင်ခြည်ထွက်ပေါ်လာသည်နှင့် အိပ်ယာမှနိုးလာခဲ့သည်။ သူ့လက်ချောင်းများနှင့် ရက်များကို ရေတွက်ရင်း လီယင်သည် ယီကျိုးကို ရောက်ရှိ‌နေပြီမှာ ဆယ်ရက် ရှစ်ရက်ရှိပြီဖြစ်‌ကြောင်း သိခဲ့ရသည်။

ယီကျိုးဒေသရှိလူများသည် အမှုထမ်းအရာရှိများဖြစ်လာကြ‌သောအခါတွင် တိုင်းရေးပြည်ရာအဖြာဖြာကို ထမ်းဆောင်ကြရသည်။ထိုကဲ့သို့ အမှုထမ်းတာဝန်ယူရသော်လည်း တစ်လလျှင် ယွမ် ၂၀၀မျှသာ လက်ခံရရှိကြသည်။

ယီကျိုးမြို့ ပတ်ဝန်းကျင်တွင် စုစုပေါင်း ခရိုင် ၁၄ခုရှိပြီး ယီကျိုးနှင့် အနီးဆုံးခရိုင်မြို့တော်မှာ ယန်ရှုမြို့တော်ဖြစ်သည်။

လီယင်နှင့်အဖွဲ့သည် ယန်ရှုခရိုင်မြို့‌တော်သို့သွား‌ရောက်၍ မြို့တော်၏အခြေနေကို လေ့လာခဲ့ဖူးသည်။ ယန်ရှုဒေသရှိ လူတို့၏ဘဝသည် ယေဘုယျအားဖြင့် ကောင်းမွန်ကြပြီး အများစုကို ချမ်းသာသောအိမ်ထောင်စုများအဖြစ် မှတ်ယူနိုင်ကြသည်။ ဆင်းရဲသားမိသားစုများကိုတော့ မြို့ပြင်ဘက် သို့မဟုတ် မြို့အစွန်းဖက် ရွာများ၌သာတွေ့ရတတ်သည်။

ဖုန်လမ်းတစ်လျှောက်တွင် လီယင်သည် လမ်းဘေးနှစ်ဖက်ရှိ မဖွံ့ဖြိုးသေးသော ကျေးရွာစုများကို အခါအားလျော်စွာ ကြည့်ရှု‌လေ့လာ‌နေလေ၏။ ချမ်အန်မှ ယီကျိုးသို့ ခရီးတွင် လီယင်သည် ထန်မင်းဆက်၏ မူလသဘာဝပတ်ဝန်းကျင်နှင့် ၂၁ ရာစုတွင် ပန်းခြံထဲ၌ ပိတ်လှောင်ခံထားရသော ရှားပါးတိရိစ္ဆာန်များကိုပါ ရွှေ့‌ပြောင်း သယ်‌ဆောင်လာခဲ့သည်။

လီယင်သည် ရှာပါးတိရိစ္ဆာန်မျိုးစိတ်များကို မျိုးမတုံးစေလိုသောကြောင့် သက်ဆိုင်ရာနေရာသို့ ပြန်ပို့စေခဲ့သည်။

စိမ်းစိုသော သဘာဝတောတောင်ပတ်ဝန်းကျင်သည် ထန်မင်းဆက်၏ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာသောအရာဖြစ်သည်။ညလီယင်နှင့်အဖွဲ့ မိုင်တစ်ရာလောက်‌ခရီးရောက်ပြီးနောက် ရွာတစ်ရွာကိုတွေ့လိုက်ရသည်။ လီယင်သည် အရှိန်အဟုန်မြှင့်ကာ ရွာသို့သွားခဲ့သော်လည်း နောက်ထပ် သုံးမိုင်ခန့် ခရီးဆက်ခဲ့ရသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now