170

714 34 3
                                    

အခန်း၁၇၀။ အရိပ်ကိုယ်ရံတော်

"သက်သေရ‌ှိကြောင်းပါ"

"ကောင်းပြီ မင်းက ဝမ့်ယင်းလုံနဲ့ အဆက်အသွယ် မပြတ်‌စေနဲ့။ အနည်းဆုံးတော့ သူက ယီကျိုးရဲ့ တရားဝင် နန်းတော်အသိုင်းဝိုင်းမှာ နှစ်အတော်ကြာနေခဲ့တာကြောင့် နန်းတော်ရဲ့အခြေနေကို ငါတို့ထက်တော့ပိုသိမှာဘဲ။ နောက်ဆုံးအကြိမ် ကောင်းချွမ်ကိုယ်တိုင်ပွဲတက်ဖို့ ဖိတ်ခေါ်လိုက်တုန်းက သိသင့်တာ‌တွေကို‌တော့ သိလိုက်ရပါတယ်။ ကောင်းချွမ်နဲ့ နန်းတော်ရေးတိုင်းပြည်ရေး အခြေနေတွေကိုရောစောင့်ကြည့်ထားပြီး ရှုနန်းတော်အတွင်းမှာ အလုပ်ဖြစ်အောင် ကြိုးစားပါ"

လီယင်သည် ရှန့်ကွမ်းရီအား ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင့်သား "

ရှန့်ကွမ်းရီလည်း ပြုံးပြရင်း ပြန်ဖြေလိုက်သည်။

ကောင်းချွမ်သည် ယီကျိုးတွင် ရက်စက်ကြမ်းကြုတ်စွာ ပြုမူ‌နေခဲ့ပြီး သူ့ကိုယ်သူနှင့် ဒေသတွင်း ထင်ရှားသော မိသားစုများကို အကျိုးရှိစေရန် သူ၏အာဏာကို အသုံးချခဲ့သည်။

ထိုအချိန်တွင် အုပ်ချုပ်ရေးမှူး၏ အိမ်တော်တွင် သီဆိုကခုန်မှုများဖြင့် ပြည့်နှက်နေပြီး အော်ဟစ်သံများပါ ထွက်ပေါ်‌နေသည်။ယီကျိုးမြို့ရှိ အရာရှိများနှင့်နာမည်ကြီးအထင်ကရမိသားစုများပါ ‌ေ‌ရာက်ရှိနေကြပြီး  ဂီတသမားများသည်လည်း ၎င်းတို့၏ ဂီတတူရိယာများကို တီးမှုတ်နေကြသည်။

ကောင်းချွမ်သည် ပင်မထိုင်ခုံတွင်ထိုင်ကာ ဝိုင်တစ်ခွက်ကိုကိုင်ဆောင်ထားသည်။ အဝေးမှ အရာရှိအချို့နှင့် ရံဖန်ရံခါစကားစမြည်းပြောရင်း သေရည်အချို့ပါ သောက်သုံး‌နေကြသည်။ ကောင်းယွမ်ကျစ်က ကောင်းချွမ်၏ လက်ကိုဆွဲမပြီး "အစ်ကို၊ ကျွန်တော်တို့လည်း ကကြရအောင်"

"တော်ပြီ မင်းဘဲသွားက‌လိုက်"

ကောင်းချွမ်၏လေသံသည် အနည်းငယ်ထူးဆန်းနေသည်။ ကောင်းယွမ်ကျစ်သည် ကောင်းချွမ်၏ မူမမှန်သလို အပြာမူကို ခံစာရပြီး  "အစ်ကို ဘာကိစ္စရှိလို့လဲ၊ ဘာဖြစ်‌နေတာလဲ"ဟု မေးလိုက်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now