103

499 32 0
                                    

အခန်း၁၀၃။ ချမ်အန်းပြည်၏ တိတ်ဆိတ်လှသော ညတစ်ည။

ကျိုက်ယွင်နန်းဆောင်တွင် ညစာသုံးဆောင်ကြပြီးနောက် လီရှစ်မင်နှင့် ဧကရီချန်စွန်းတို့က အရင်ပြန်လည်ထွက်ခွာသွားကြသည်။ လီယင်ကတော့ ကြင်ယာတော်ယန်ကို အေးဆေးနှုတ်ဆက်ပြီးမှ ထွက်လာခဲ့၏။

အပြင်တွင် ကောင်းကင်ကြီးမှာ မဲမှောင်နေပြီဖြစ်သောကြောင့် ထိုက်ကျိနန်းတော်၏ လျှောက်လမ်းများကို မီးထွန်းထားပြီဖြစ်သည်။ လီယင်လည်း ပတ်ဝန်းကျင်ရှူခင်းကို ခံစားရင်း ချမ်ထျန့်မန်ဘက်သို့ လမ်းလျှောက်ထွက်ခဲ့၏။ သို့သော် မကြာမီတွင် ချမ်ထျန့်မန် နန်းတွင်းဂိတ်တံခါးမှာ ပိတ်တော့မည်ဖြစ်၍ သူလည်း ပြဿနာမတက်စေရန် အမြန်လျှောက်လာခဲ့လိုက်သည်။ ထိုစဉ် -

“ အ .. ”

အမှုမဲ့အမှတ်မဲ့ သတိလက်လွတ်လမ်းလျှောက်လာသော လီယင်သည် ကျောက်ဆောင်တစ်ခုနောက်မှ အလောတကြီးထွက်လာသော နန်းတွင်းသူတစ်ယောက်နှင့် ဝင်တိုက်မိချေ၏။ ၂၁ရာစုခေတ်မှ လာခဲ့၍ လူကြီးလူကောင်းဆန်သော ကျင့်ဝတ်ရှိသူ လီယင်သည် အဆိုပါ မိန်းကလေး လဲကျမသွားစေရန် အမြန်ထိန်းကိုင်ပေးလိုက်၏။

လရောင်ပြောက်လေးများသည် မြေပေါ်တွင် ဟိုတစ်ကွက် ဒီတစ်ကွက် အရောင်လက်နေ၏။ လဲကျသွားသော မိန်းမပျို ဝေ့ရှန့်ရှန့်၏ ဖြူဖွေးလှသော မျက်နှာလေးပေါ်သို့ လရောင်ဖြာကျလျက်ရှိသည်။ ထိုမိန်းကလေး၏မျက်နှာတွင် ဝမ်းနည်းရိပ် ထင်ဟပ်နေကာ သနားဂရုဏာသက်ဖွယ်ကောင်းလှသော မျက်နှာလေးဖြင့် လီယင်အား မော့ကြည့်လျက်ရှိသည်။

ထိုစဉ် လက်ဖဝါးနှစ်ဖက်ဆီမှ နူးညံ့သောအထိအတွေ့ကို လီယင်ခံစားမိလိုက်၏။ ခဏလောက် လန့်သွားပြီးကာမှ သတိပြန်ဝင်လာသည့်အခါ သူ၏လက်တစ်ဖပ်သည် မိန်းကလေး၏ ရင်ဘတ်ပေါ် အုပ်မိုးကိုင်မိလျက်သားဖြစ်နေပြီး ကျန်တစ်ဖက်ကတော့ ၎င်းမိန်းကလေး၏ ဖွံ့ထွားလှသော တင်ပါးအား ကိုင်မိလျက်သားဖြစ်နေတော့သည်။

“ ထန်နိုင်ငံက မိန်းကလေးတွေအကုန်လုံး ဘာလို့ အရွယ်ရောက်မြန်ကြတာပါလိမ့်ကွာ … “ ဟု လီယင်ကတွေးရင်း တံတွေးအား မြိုချလိုက်ရ၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now