110

430 26 0
                                    

အခန်း၁၁၀။ လက်ဆောင်

ချန်စွန်းဝူကျီး၏ စကားကြောင့် လီချမ်ချန့်လည်း မျက်မှောင်ကြုတ်သွား၏။

” ကိုယ်တော်ထင်တာက စစ်သူကြီး ရီ က နိုင်ငံတည်ထောင်သူမျိုးနွယ်စုထဲကလည်းဖြစ်၊ ယွီချိပေလင်းကလည်း အရှေ့နန်းဆောင်နဲ့ မစိမ်းတော့ သူ့ကို ထောက်ခံပေးလိုက်ရင် ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်သလိုများ ဖြစ်မလားလို့လေ။ အရှေ့နန်းဆောင်ရဲ့ အင်အားကြီးရုံတင်မကပဲ  ကိုယ်တော့်အတွက်ပါ ကျောထောက်နောက်ခံရဦးမယ်။ မဟုတ်ဘူးလား ” ဟု မေးရာ ချန်စွန်းဝူကျီးက -

“ အရှင့်သားက မျက်တောင်တဆုံးကိုပဲ ကြည့်တာကိုး။ အဲ့ဒီ့စစ်သူကြီး ရီကောကုန်းချင်ရှုပေက အရှင်မင်းကြီး နန်းတက်တာနဲ့ တပြိုင်နက် သူ့ရဲ့ စစ်သည်အာဏာတွေအကုန် လွှဲပြောင်းပေးလိုက်ပြီး အခုထက်ထိ ဧည့်သည်တောင်အတွေ့မခံ၊ နန်းတွင်းကိစ္စလည်း ဘာမှမပြောတော့တာ ဘာကြောင့်လဲ သိရဲ့လား အရှင့်သား ” ဟု ‌ပြန်မေး၏။ ထိုအခါ လီချမ်ချန့်က -

“ အဲ့ဒါ စစ်သူကြီးက နာမကျန်းဖြစ်နေလို့ မဟုတ်ဘူးလား ” ဟု ပြန်မေးလိုက်၏။

“ အရှင့်သား အဲ့ဒါကို တကယ်ပဲ ယုံသလား။ စစ်သူကြီးတစ်ယောက်ဖြစ်တဲ့သူက ကျန်းမာရေးမကောင်းတာ ဖြစ်နိုင်ပါ့မလား။ တကယ်တမ်းကျ သူက ဉာဏ်ထက်တဲ့လူပါ အရှင့်သား။ ယခင်ကာလတွေကတည်းက စစ်သူကြီးအတော်များများဟာ အနားယူတဲ့အခါ အောင်နိုင်မှုတွေများရင်များသလောက် ကောင်းကောင်းချီးမြှင့်ခံရကြတယ်။ စစ်သူကြီး ရီ ဟာလည်း မကြာခင်အနားယူတော့မယ့်အချိန်ပေါ့။ စစ်သူကြီးဟာ အောင်မြင်မှုတွေ အများကြီးသိမ်းပိုက်နိုင်ခဲ့တော့ အဲ့အပေါ်မှာလည်း အလွန်မာန်တက်ခဲ့တယ်။ အဲ့လိုနဲ့ နောက်ဆုံးညစာစားပွဲမှာ အမတ်တစ်ယောက်က သူ့အရှေ့မှာထိုင်လို့ဆိုပြီး အရှင်မင်းကြီးရှေ့မှာတင် ရိုက်နှက်ပစ်လိုက်လို့ အရှင်မင်းကြီး အမျက်ထွက်ပြီး အဲ့ဒီ့နေရာက ချက်ချင်းလှည့်ထွက်ခဲ့တာလေ။ အခုလိုလုပ်လိုက်ရင် အရှင်မင်းကြီးရဲ့ ဆန္ဒအပေါ် မလေးစားရာ ရောက်ပါလိမ့်မယ် ” ဟု ဖျောင်းဖျ၏။ သို့သော် လီချမ်ချန့်ကား ခေါင်းမာသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now