128

300 17 0
                                    

အခန်း၁၂၈။ ပူးပေါင်းခြင်း

ဤသို့ဖြင့် ၎င်းတို့လူတစ်စုလည်း အပေါ်ထပ်ရှိ အခန်းထဲသို့ ဝင်သွားကြပြီးနောက် ချန် က -

“ အာ့ရှစ်နလန် .. မင်းသေချင်လို့လား။ ချမ်အန်းကို မင်း လာချင်တိုင်းလာလို့ရတဲ့ နေရာလို့များ ထင်နေလား ” ဟု လေသံမာမာဖြင့် ပြောလိုက်သောအခါ အဆိုပါလူရွယ်က -

“ ရှင်တောင် လာနိုင်သေးတာ။ ကျွန်မက ဘာလို့ မလာနိုင်ရမှာလဲ။ ကျွန်မအဖေက အခုထိ ဒီချမ်အန်းပြည်မှာ ဒုက္ခ‌ခံနေရတယ်ဆိုတာလည်း မမေ့နဲ့ဦး ” ဟု ပြောလိုက်၏။ ၎င်း၏ လေသံမှာ ယောက်ျားရင့်မာကြီး၏ အသံခပ်ဩဩမှ ကြည်ရှင်းချိုသာသည့် မိန်းကလေးအသံသို့ ပြောင်းလဲသွားလေသည်။

“ အဲ့ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ။ လီရှစ်မင်ရဲ့ အစောင့်အကြပ် ၁၆ယောက်ကို ကျော်ပြီး ကျဲ့လီခန်းကို ကယ်မလို့လား ” ဟု ချန်က မေးရာ အာ့ရှစ်နလန်က -

“ အဲ့ဒါကြောင့် ကျွန်မတို့ ရှင့်ကို လာတွေ့တာပေါ့။ ရှင် ဒီချမ်အန်းမှာ လှုပ်ရှားနေတာကြာပြီပဲလေ။ ပြီးတော့ ရှင့်ရဲ့လက်အောက်မှာ လီကျန့်ချန်ရဲ့ ကိုယ်ရံတော်တပ်သားတွေလည်း ရှိသေးတယ်မဟုတ်လား။ ရှင့်ဘက်က ကူညီချင်စိတ်သာရှိရင် အဖေခန်းကို ကယ်ဖို့ရာက မခက်ပါဘူး ” ဟု ပြောလိုက်လေသည်။ ထိုအခါ ချန် က မကျေမနပ်ဖြင့် -

“ မဖြစ်နိုင်တာ .. အဲ့ဒီ့အစောင့်တွေက လက်စားချေမယ့်ကိစ္စမှာ ငါ့အတွက် နောက်ဆုံးမျှော်လင့်ချက်ပဲ။ သူတို့ကို အလကားတော့ အဖြစ်မခံနိုင်ဘူး ” ဟု ပြန်ဖြေကြားလိုက်သောအခါ အာ့ရှစ်နလန်သည် ရှူးရှူးရှားရှားဖြစ်သွားကာ ချန်၏ ရှေ့သို့ ရောက်လာလေတော့၏။

“ အဖေ့ရဲ့ ကာကွယ်ပေးမှုသာမရှိခဲ့ရင် ရှင်ရော ရှင့်ရဲ့နောက်လိုက်တပ်သားတွေရော အစာငတ်ပြီး သေနေတာကြာပြီဆိုတာလည်း မမေ့နဲ့ဦး။ ကျွန်မပိုင်တဲ့ စစ်သည်တွေကို တရားရုံးတော်က သိမ်းသွားလို့သာပေါ့ ”

ချန်ကား ဤတကြိမ်တွင်တော့ နှုတ်ဆိတ်နေလေသည်။ အာ့ရှစ်နလန်ပြောသွားသောအရာများသည် အားလုံးအမှန်များပင်တည်း။
ချန်တစ်ယောက် တုန်လှုပ်နေသည်ကို မြင်သောအခါ အာ့ရှစ်နလန်က ဆက်ပြောလာသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ