135

319 17 0
                                    

အခန်း၁၃၅။ ပြောင်းလဲသွားသည့် သမိုင်းကြောင်း(၁)

“ ဘာ ... ရှဲ့လီလွတ်သွားပြီ .. ဟုတ်လား .. ”

လီယင်တစ်ယောက် စံအိမ်သို့ပြန်ရောက်သောအခါ ထိုသတင်းအား ကြားလိုက်ရ၏။ လမ်းမပေါ်တွင် ခြေချင်းလိမ်အောင် လှည့်ပတ်သွားလာနေကြသော အစောင့်ရဲမက်များကြောင့် တစ်စုံတစ်ခုတော့ ဖြစ်နေပြီဆိုတာ လီယင်သိလိုက်သည်။ လီခယ့်မင်းသား စံအိမ်တော်သို့ အစောင့်အကြပ်များနှင့်တကွ ရောက်လာမှသာ အကြောင်းစုံကို သိရှိရလေတော့သည်။

လီခယ့်၏ မျက်နှာပေါ်တွင် ဤကိစ္စအပေါ် ထားရှိသည့် လေးနက်မှုကို အထင်းသား မြင်ရသည်။ ဤမျှလောက် တည်တင်းနေပုံကို လီယင်တစ်ခါမျှ မမြင်ဖူးချေ။

“ ဖခမည်းတော်က ဒီကိစ္စအကြောင်း ဆွေးနွေးဖို့ရာအတွက် ဝန်ကြီးတွေနဲ့ မင်းသားတော်တွေကို ထိုက်ကျိနန်းတော်ဆီ ဆင့်ခေါ်ထားတယ်။ အဲ့ဒါ ညီတော်လည်း သွားရမှာ။ အစ်ကိုတော်တို့ တခါတည်းသွားလိုက်ကြရအောင် ”

ပေါ့ပေါ့ပါးပါးသဘောထားရမည့် ကိစ္စမဟုတ်သည့်အတွက် လီယင်လည်း ခေါင်းညိတ်ပြလိုက်ကာ သူ၏ မြင်းနီလေးကိုစီး၍ လီခယ့်နှင့်အတူ ထိုက်ကျိနန်းတော်ဆီသို့ ထွက်လာခဲ့လိုက်သည်။

ထိုအချိန်မှာတော့ ထိုက်ကျိနန်းတော်ထဲတွင် ရုတ်ရုတ်သဲသဲဖြစ်နေကြ၏။ အမတ်ကြီးများ၊ ဝန်ကြီးများလည်း တစ်ယောက်နှင့်တစ်ယောက် ခပ်တိုးတိုးလေသံဖြင့် အကြိတ်အနယ် ဆွေးနွေးနေကြပုံရသည်။ ပြောနေကြသည့်လူများ မတူသော်လည်း ပြောနေကြသည့် အကြောင်းမှာတော့ တစ်ခုတည်း။ ကျဲ့လီအကြောင်းပင်။ ထန်နိုင်ငံတော်ကို တချိန်က လွှမ်းမိုးခဲ့သော အရိပ်မည်းကြီး လွတ်မြောက်သွားပြီ မဟုတ်လား။ သူ့အနေနှင့် ဘာတွေပြန်လည်ဆောင်ကျဉ်းလာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။

လီယင်နှင့် လီခယ့်တို့လည်း ထိုက်ကျိနန်းတော်အတွင်းသို့ ဝင်သွားကြသောအခါ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမတ်တစ်ဦးက လာရောက်နှုတ်ဆက်ရင်း -

“ အရှင့်သားတော် သုံး .. ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ စဉ်းစားပြီးပါပြီလား ” ဟု မေးလိုက်သောအခါ လီခယ့်က -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now