64

713 61 0
                                    

အခန်း၆၄။ တစ်ယောက်ကိုတစ်ယောက် မသိခဲ့ကြခြင်း။

“ ခင်ဗျားတစ်ယောက်ပဲ ဝယ်နေတာလေ။ မြင်းရောင်းတဲ့သူက ရောင်းမယ်မှ မပြောရသေးပဲနဲ့ ”

ကုန်းကျီ သခင်လေးက စက္ကူယပ်တောင်ကို ဟန်ပါပါခတ်ကာ ‌ခပ်ထေ့ထေ့ပြောလိုက်သည်။

မြင်းရောင်းသည့်သူကို ကြည့်လိုက်တော့ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေချေပြီ။ တုန်တုန်ရီရီဖြစ်နေကာ ဘာဆက်လုပ်ရမည်မှန်း သူမသိတော့ချေ။

ထိုအခါ ကုန်းကျီသခင်လေးကပင် ဆက်၍ -

“ စီးပွားရေးလုပ်နေကြတာပဲ။ ငွေများများပိုပေးနိုင်တဲ့သူ ယူကြေးပေါ့။ မကောင်းဘူးလား ” ဟု ပြောလာ၏။

သူပြောသည့်စကားမှာ မှားနေမှန်းသိသော်လည်း လီယင် ပြန်လည်မချေပနိုင်။ ပိုက်ဆံများများပိုပေးရုံနှင့် ဝယ်လို့ရရအောင် ဤဈေးသည် လေလံပွဲမဟုတ်။ မြင်းကုန်သည် ဟူရှန့်အနေဖြင့် ဤနည်းလမ်းအား လက်ခံကာ မညစ်သင့်ပေ။

သို့သော်လည်း လီယင်သည် တစ်ဖက်မှ လူရွယ်ကို စူးစိုက်ကြည့်ကာ -

“ ၁၇ ပြားပေးမယ် ” ဟု ဈေးခေါ်လိုက်သည်။

“ ၁၈ ပြား ”

ကုန်းကျီသခင်လေးသည်လည်း သတ္တိနည်းသော ပြိုင်ဘက်မဟုတ်ချေ။ လီယင်ကို ပြန်ကြည့်ကာ ဈေးတင်လိုက်သည်။

“ ၁၉ ပြား ”

လီယင်က သူ၏ မြင်းနီလေးပေါ် မှီထားရင်း သန္ဓိဌာန်ချထားသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ လီယင်၏ အကြည့်မှာ အဆိုပါ သခင်လေးအား စိန်ခေါ်နေသကဲ့သို့ ဖြစ်နေလေသည်။

“ ပြား ၂၀ ”

ဝတ်စုံဖြူနှင့် သခင်လေးမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေချေပြီ။ အသံများလည်း တုန်လာ၏။

“ ၂၁ ပြား ပေးမယ် ”

စစ်ပွဲကား ပြင်းထန်လာချေပြီ။

“ … ”

ဤသို့ဖြင့် နှစ်ယောက်သား ဈေးနှုန်းကို မြှင့်တင်လာခဲ့ရာ သူတို့၏အော်သံများမှာလည်း ပို၍ ကျယ်လောင်လာခဲ့ပြီး အနီးနားမှ မြင်းရောင်းသူများပါ စိတ်ဝင်စားလာကြသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now