လက်ရွေးစင်အသင်းတွင် အဓိကကစားသမားများနှင့် အရန်ကစားသမားများအပါအဝင် ကစားသမား၁၁ယောက်ရှိသည်။ အသင်းခေါင်းဆောင်၊နည်းပြ၊လက်ထောက်နည်းပြ၊အသင်းဆရာဝန်၊‌ထောက်ပံ့သူ အစရှိသဖြင့် အခြားဝန်ထမ်းအဖွဲ့ဝင်များအပေါ်  အများဆုံးကန့်သတ်ထားသည့် ပမာဏမရှိခဲ့ပေ။ သူတို့အားလုံးမှာ အသင်းတွင်ဝင်ရောက်ကာ ပြိုင်ပွဲအားပါဝင်ဆင်နွှဲနိုင်သည်။ လက်ရွေးစင်အသင်းများစွာမှာ ကစားတော့မည့်အချိန်တွင် သူတို့၏ကိုယ်ပိုင်စားဖိုမှူးများကိုပင် ခေါ်လာခဲ့သည်။ 

သေနတ်ဘုရင်၏ ဂိမ်းပုံစံမှာ ၅ယောက်ချင်း ယှဉ်ပြိုင်မှုဖြစ်သည်။

အားဖြည့်သူ၏တည်နေရာမှာ ရှေ့တွင်ရှိသော လမ်းအားရှင်းလင်းရေးအတွက်တာဝန်ရှိကာ ချေမှုန်းသူမှာ ရှုပ်ထွေးသည့်တိုက်ပွဲအတွက်ဖြစ်ပြီး ကင်းထောက်မှာ သွက်လက်စွာ ကျင်လည်ကျက်စား၍ ဆေးအကူသည် ဒဏ်ရာရသူအား ကယ်ဆယ်ကာကုသပေးသကဲ့သို့ သေနတ်ပစ်သမားမှာ အဝေးတစ်နေရာအား ဖိနှိပ်ခြင်းဖြစ်သည်—နေရာငါးခုမှတစ်ခုချင်းစီမှာ သူတို့၏သက်ဆိုင်ရာတာဝန်များအား ဆောင်ရွက်ကာ နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ 

ကစားသမားများမှာ ပြည်ပပြိုင်ပွဲများအတွင်း ညှိယူရခြင်း၊ ဖျားနာခြင်းနှင့် သနားစရာအခြေအနေကဲ့သို့သော ပြဿနာများရင်ဆိုင်‌ရ‌သောကြောင့် လက်ရွေးစင်အသင်းအများစုတွင် နေရာတစ်ခုစီ၌ ကစားသမားနှစ်ယောက်ရှိနေခဲ့သည်။ တစ်ယောက်မှာ အဓိကကစားသမားဖြစ်ပြီး အခြားတစ်ယောက်မှာ အရန်ဖြစ်နေခဲ့သည်။ သူတို့သည်လိုအပ်သောအခါ လှည့်လည်ကြသည်။ ဤသည်မှာ ဆယ်ယောက်ထိရှိသွားကာ ကျန်ရှိနေ‌‌သည့် ၁၁ယောက်မြောက်မှာ နေရာစုံစီမံမှုဖြစ်နိုင်သည်။ 

ဥပမာအားဖြင့် လွန်ခဲ့သောနှစ်၏ ကမ္ဘာ့စီးရီးတွင် တောင်ကိုရီးယားအသင်းမှ ကင်းထောက်သုံးယောက်ခေါ်လာချိန်တွင် အမေရိကန်အသင်းမှ တာဝေးပစ်နိုင်‌‌သည့်စွမ်းအားရှိ‌သော သေနတ်ပစ်သမားများအား ခေါ်လာခဲ့သည်။ တစ်ခါတစ်ရံ သူတို့တွင် ကင်းထောက်နေရာနှစ်ဆရှိလိမ့်မည်ဖြစ်ပြီး သူတို့၏ကစားသည့်ပုံစံမှာ ပို၍သွက်လက်ကာ ဆိုးသွမ်းလိမ့်မည်။ အချို့နိုင်ငံများသည် ကြမ်းတမ်းသည့်ပုံစံပိုရှိကာ ချေမှုန်းသူများနှင့် အားဖြည့်သူများအား ပို၍ယူဆောင်လာလိမ့်မည်။ သူတို့သည် အဖွဲ့လိုက်ဖိနှိပ်ခြင်းတွင် တော်ကြသည်။ 

ရွှေအဆင့်နည်းပြOnde histórias criam vida. Descubra agora