Chapter 38

2.1K 432 2
                                    

Basket Match

(Unicode)

နောက်ဆုံးတစ်ကိုက်ကိုက်ပြီးသည့်အချိန်တွင် လုယွင်ဖေးသတိမထားမိသော်လည်း သူ့နှုတ်ခမ်းများက ပျမ်းကျင်းယွမ်လက်ချောင်းထိပ်များကို ထိတွေ့သွားသည်။

ပျမ်းကျင်းယွမ် သူ့လက်ချောင်းများပေါ်ကပူလောင်မှုကို ခံစားလိုက်ရသောကြောင့် ချက်ချင်းလက်ပြန်ရုတ်လိုက်မိသည်။

"တင်းတောင်" လုယွင်ဖေး၏ we chat က အသံမြည်လာ၍ သူဖုန်းကိုဖွင့်လိုက်ချိန်တွင် ဝမ်မင်ယိ၏မေးခွန်းကိုမြင်လိုက်ရသည်_ ပွဲတွေအကုန်ပြီးရင် နေ့လည်စာအတူစားကြမလား။

ကောင်းပြီလေ။ လုယွင်ဖေးပြန်ဖြေလိုက်သည်။ ယနေ့အိမ်စာလုပ်စရာမရှိသောကြောင့် အိမ်ကိုအချိန်နောက်ကျမှပြန်ရောက်လည်း ကိစ္စမရှိပေ။

လုယွင်ဖေး ပျမ်းကျင်းယွမ်ကိုပါဖိတ်လိုက်ချင်သော်လည်း ယနေ့က သူ့မွေးနေ့ဖြစ်ကာ အိမ်တွင်ဒေါ်လေးဖြစ်သူနှင့်အတူဖြတ်သန်းလိမ့်မည်။ ထို့ကြောင့် သူလည်းဘာမှမပြောဖြစ်တော့ဘဲ သူ့ခြေထောက်ကိုစစ်ဆေးပေးရန် ကျောင်းကဆရာဝန်ကို စောင့်နေလိုက်သည်။

ဆရာဝန်က သူ့ရှေ့ကရောက်နေသည့်ကောင်မလေးကို စစ်ဆေးပြီးနောက် သူ့ကိုမေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

"ပြေးနေရင်း ခြေဆစ်နည်းနည်းလိမ်သွားတယ်။ နာလည်းနာနေတယ်"

ဆရာဝန်က သူ့ခြေထောက်တစ်နေရာကို ဖိလိုက်သည်။ "ဒီနားနာနေတာလား"
လုယွင်ဖေး ခေါင်းခါလိုက်သည်။

ထို့နောက် ဆရာဝန်က နောက်နေရာများကို စမ်းသပ်ရာ လုယွင်ဖေး အော်လိုက်မိသည်။ "နာတယ်"

ဆရာဝန်က သူ့ခြေထောက်ကို အချိန်အတော်ကြာစစ်ဆေးနေပြီးမှ မှတ်ချက်ချသည်။ "အရိုးကိုမထိသွားဘူးဆိုတော့ သိပ်တော့မပြင်းထန်ပါဘူး။ ငါမင်းကို လိမ်းဆေးညွှန်းပေးလိုက်မယ်။ ဒီနေ့တော့လေ့ကျင့်ခန်းမလုပ်နဲ့တော့။ မင်း ဒဏ်ရာကိုစိုးရိမ်နေသေးရင်တော့ ဆေးရုံကိုသွားပြီး ဓာတ်မှန်သွားရိုက်လိုက်"

လုယွင်ဖေး ခေါင်းညိတ်ပြလိုက်သည်။ "ဒါဆိုရင် ကျွန်တော်မနက်ဖြန်ကျရင် ပြိုင်လို့ရလား"

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon