Chapter 52

1.8K 405 9
                                    


Alluring Teacher Bian, a Small Class

(Unicode)

လုယွင်ဖေး စိတ်ရှုပ်ထွေးသွားရသည်။ “သူက ဘာဖြစ်လို့ရူးသွားတာလဲ”

“ပျမ်းကျင်းယွမ်က သူ့ကို ပွင့်ပွင့်လင်းလင်းပြန်ပြောပြီး အခန်းထဲက ထွက်သွားတာလေ။ သူမျက်နှာပျက်သွားတာပေါ့။ အဲ့ဒီကစပြီးတော့ စာသေချာသင်မယ့်အစား နားဒုက္ခပေး တော့တာပဲ”

နောက်ဆုံးတော့ လုယွင်ဖေး နားလည်သွားမိသည်။

ကျောင်းရန်ရုန်က အတန်းထဲက ကျောင်းသားများကို တစ်ချက်ကြည့်သည်။ လူတိုင်းက ခေါင်းများ ငုံ့ထားကြပြီး အသံတစ်ချက် မထွက်ရဲကြသောကြောင့် အတန်းထဲရှိလေထုက ဖိနှိပ်ခံထားရသလို ဖြစ်နေသည်။

“ထွက်သွားချင်တဲ့လူ ရှိသေးလား” ကျောင်းရန်ရုန်က အေးစက်စွာ မေးလိုက်သည်။

အကုန်လုံးက နှုတ်ဆိတ်နေကြဆဲ။

ကျောင်းရန်ရုန်က စားပွဲကို ဘန်းခနဲရိုက်ချသည်။ လုယွင်ဖေးက လန့်သွားရကာ သူ့ဘေးနားရှိ ပျမ်းကျင်းယွမ်ကို လှမ်းပြောမိသည်။

“သူ ရူးသွားပြန်ပြီထင်တယ်”

ပျမ်းကျင်းယွမ်က လုယွင်ဖေး၏မျက်လုံးရှေ့ကို စာအုပ်ဖြင့် ကာလိုက်သည်။

“စာသေချာလုပ်”

လီယွမ်ချင်းက လုယွင်ဖေး စာကျက်ရင်းအလုပ်ရှုပ်နေပုံနှင့် ပျမ်းကျင်းယွမ်က စာအုပ်တစ်အုပ် ဖတ်နေသည့်ပုံကို တွေ့ရင်း သူ လုပ်စရာမရှိဟု ခံစားရသောကြောင့် ဖုန်းထုတ်ကာ ဂိမ်းကစားနေတော့သည်။

အတန်းထဲတွင် ကျောင်းရန်ရုန်က သူ့ဒေါသကို အရှိန်မသတ်နိုင်ဘဲ ကျန်ကျောင်းသားများ အပေါ်သို့ ပုံချနေသည်။ နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်လာ၍ အတန်းပြီးသည်ဟု အချက်ပြသည့်အနေဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

“အခုအချိန်က ကိုယ်ပိုင်စာကြည့်ချိန်ပဲ။ စာအုပ်ထုတ်ပြီး စာဖတ်ကြ”

လူတိုင်းက မမျှမတပြုမူဆက်ဆံခံရသည်ကို မကျေနပ်သောကြောင့် အချင်းချင်း ကြည့်လိုက်ကြသည်။

“ဆရာမကျောင်းက ဘာလို့ ငါတို့ကိုပဲ မဲနေတာလဲ”

“အေးလေ၊ သူ့ကို ဒေါသထွက်အောင်လုပ်တာ ငါတို့လုပ်တာမှ မဟုတ်တာ”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora