Chapter 74

1.5K 311 19
                                    

"I like you" Bian Jin Yuan said

(Unicode)

အားကစားပွဲတော်က ယခုအကြိမ်တွင်လည်း အောက်တိုဘာလကုန်နားတွင် ကျရောက်သော်လည်း ပျမ်းကျင်းယွမ်မွေးနေ့နှင့် ရက်မတိုက်နေပေ။ သူ့မွေးနေ့ပြီး နောက်နှစ်ရက်တွင်မှ ကျင်းပလိမ့်မည်။ လုယွင်ဖေးက ပျမ်းကျင်းယွမ်မွေးနေ့ကို ကျောင်းတွင် မဆင်နွှဲနိုင်မည့် အချက်ကို တွေးမိပြီး နေ့လယ်တွင် ကျင်းပလျှင် ပိုကောင်းမည်လား (သို့မဟုတ်) ညနေပိုင်းတွင် ကျင်းပရလျှင် ပိုကောင်းမည်လား ဆိုသည်ကို စဉ်းစားကြည့်လိုက်သည်။ သို့သော်လည်း ပျမ်းကျင်းယွမ်က သူ့မိသားစုနှင့် ညပိုင်းတွင် ဆင်နွှဲမည်ဖြစ်ရာ နေ့လယ်ပိုင်းအချိန်တွင် ဆင်နွှဲမှရလိမ့်မည်။

ဒါမှမဟုတ် “င့ါတုန်းကလိုပဲ ပိတ်ရက်မှာလုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ” လုယွင်ဖေးက အကြံပေးလိုက်၏။

ပျမ်းကျင်းယွမ်က ထိုသည်ကို ခဏလောက် စဉ်းစားလိုက်ပြီး “ဒါဆိုရင်လည်း ပိတ်ရက်ပဲပေါ့” ဟု ပြန်ပြောလာသည်။

ထိုသို့သာဆိုလျှင် သူ လုယွင်ဖေးနှင့်အတူ တစ်နေကုန် အချိန်ကုန်ဆုံးနိုင်လိမ့်မည်။

လုယွင်ဖေးကလည်း သဘောတူသည်။ “ဒါဆိုရင်လည်း ပိတ်ရက်မှပေါ့”

“အင်း” ပျမ်းကျင်းယွမ်က ခေါင်းညိတ်ပြသည်။

ပျမ်းကျင်းယွမ်မွေးနေ့နှင့်အတူ အားကစားပွဲတော်သည်လည်း နီးကပ်လာခဲ့၏။ လုယွင်ဖေးက သူ့မွေးနေ့ကို တနင်္ဂနွေနေ့တွင် ဆင်နွှဲမည်ဟု ဆိုသော်လည်း သူ့မွေးနေ့တွင် အချိန်ပိုင်းအလုပ်ပြီးသည့်နောက်တွင်လည်း သူနှင့်အတူ ထမင်းအတူစားသေးသည်။

“ဒါက မင်းအတွက်လက်ဆောင်” လုယွင်ဖေးက သူ့ကို ဘူးတစ်ဘူးပေးလိုက်သည်။ “ကိတ်ကတော့ မင်း တနင်္ဂနွေအထိ စောင့်ဖို့ လိုလိမ့်မယ်”

ပျမ်းကျင်းယွမ် ထိုဘူးကို ဖွင့်လိုက်ရာ အထဲတွင် ဖုန်းတစ်လုံးကို တွေ့ရသည်။

သူ့လက်ရှိဖုန်းက သုံးနေသည်မှာ လေးနှစ်မျှပင် ကြာမြင့်ခဲ့လေပြီ။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ထိုဈေးပေါသည့်ဖုန်းတွင် ပြဿနာများ စုပုံလာသည်။ ပျမ်းကျင်းယွမ်က မိုဘိုင်းဂိမ်းများပင် မ‌ဆော့တတ်ချေ။ သူက ဗီဒီယိုများ ကြည့်ရန်၊ wechat ကိုစစ်ရန်၊ အချက်အလက်များကို ရှာဖွေရန်သာ သုံးလေ့ရှိသောကြောင့် သုံး၍ အဆင်ပြေနေသေး၏။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now