Chapter 39

1.9K 418 6
                                    

I’ll Send Him

(Unicode)

“ခုလေးတင်လဲကျသွားတော့ ခြေကျင်းဝတ်လည်သွားတာဖြစ်မယ်” လုယွင်ဖေး ပြန်ပြောလိုက်သည်။ “ပြန်နာလာပြီ”

ယခုအကြိမ်နာကျင်မှုက ယခင်တစ်ခေါက်ကထက်ပိုဆိုးသောကြောင့် လုယွင်ဖေး သူ့အစားပြိုင်မည့်လူစားထိုးကိုပင် လိုက်ရှာလိုက်ရသည်။

ပျမ်းကျင်းယွမ်က စိုးရိမ်တကြီးသူ့ကိုပြောလိုက်သည်။ “ဆေးရုံမှာသွားစစ်ကြည့်ဉီး”
“မင်းတို့အရင်ပြိုင်လိုက်ကြ၊ ငါပွဲပြီးမှသွားတော့မယ်”

“မင်းအရင်သွားပါ” ကျန်းလောင်လည်း သူ့အခြေအနေကိုမြင်ကာ ပြိုင်ချင်စိတ်သိပ်မရှိတော့။ သူလက်ရှိအမှတ်များကိုလှည့်ကြည့်လိုက်သည်။ “ဟုတ်ပြီ၊ အခုငါတို့သရေဖြစ်နေတယ်။ နောက်တစ်ပွဲပြိုင်ဖို့ ဒိတ်ကိုနောက်မှရွေးကြမယ်။ မင်းခြေထောက်ကို အရင်သွားစစ်လိုက်။ ဒီပွဲကအပျော်သက်သက်ပြိုင်တာပဲ။ ကျန်းမာရေးကအဓိက၊ ပြိုင်ပွဲကဒုတိယမှလာတယ်”

“ဒါဆို ငါတို့ရဲ့ခင်မင်မှုကရော”

ကျန်းလောင်အတော်ပင်အံ့အားသင့်သွားရသည်။ “အခုအချိန်တောင် မင်းကလက်ပေါက်ကပ်နေသေးတာလား။ မင်းသိပ်မနာသေးဘူးထင်တယ်”

လုယွင်ဖေး: “…တော်တော်နာတယ်”

“နာနေရင် ဆေးရုံသွားတော့။ မင်းခြေထောက်ဒဏ်ရာပြင်းသွားမှ ဒုက္ခရောက်လိမ့်မယ်” ပျမ်းကျင်းယွမ်က အကြံပေးလိုက်သည်။

လုယွင်‌ဖေး ဒဏ်ရာကပြင်းထန်သည်ဟုမထင်။ သို့သော်လည်း ခြေထောက်တစ်ဖက်တည်းတွင် နှစ်ခါထိခိုက်သွားခြင်းဖြစ်၍ သူလည်းအနည်းငယ်စိုးရိမ်မိသည်။ “ဒါဆိုရင်လည်း ပြီး‌ရော ငါဆေးရုံသွားလိုက်မယ်”

“ငါမင်းနဲ့လိုက်ခဲ့မယ်” ကျန်းလောင်က ထက်သန်စွာ ဝင်ပြောလိုက်သည်။

“ငါလည်းလိုက်ခဲ့မယ်” အစောက လုယွင်ဖေးနှင့်တိုက်မိခဲ့သည့် လူကောင်ကြီးကြီးနှင့် ထိုသူကလည်း အပြစ်မကင်းစွာဆိုလိုက်သည်။ “ငါ့တာဝန်လည်းမကင်းဘူး”

လုယွင်ဖေးခေါင်းယမ်းပြလိုက်သည်။ “မလိုပါဘူး။ ငါပျမ်းကျင်းယွမ်နဲ့သွားလိုက်မယ်။ မင်းအပြစ်မှမဟုတ်တာ။ ဒီလိုကစားပွဲတွေမှာ အချင်းချင်းတိုက်မိတာ ပုံမှန်ပါပဲ။ မင်းက တမင်လုပ်တာလည်းမဟုတ်ဘူး”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now