Chapter 33

2.2K 426 18
                                    

Why are you wearing PinRu’s clothes

(Unicode)

နောက်ဆုံးတွင် အခြားနှစ်များမှလူများနှင့် ရန်ထမဖြစ်ရခင် တတိယတန်းမှလူများထဲမှ တစ်ယောက်ကိုသာ ရွေးရန်ဆုံးဖြတ်လိုက်ကြသည်။

သို့သော်ငြားလည်း သိပ္ပံနှင့်မနုဿ      မေဂျာကလူများက အချင်းချင်းအသိအမှတ်မပြုကြသောကြောင့် တစ်ဉီးတည်းရွေးခြင်းက မလုံလောက်ချေ။ မနုဿကကျောင်းသားများက အချောဆုံးဆိုသည့်အတိုင်း ရုပ်ရည်သွင်ပြင်လက္ခဏာများအပေါ် တိုင်းတာသင့်ကြောင်းဆိုကြသည်။ သိပ္ပံရှိလူများကတော့ ဉာဏ်ရည်ဉာဏ်သွေး၊ လုပ်ကိုင်စွမ်းရည်တို့ရှိဖို့လိုကြောင်းကို အသားပေးပြောဆိုကြသည်။

နှစ်ဖက်မေဂျာလုံးက အလျော့မပေးကြသောကြောင့် နောက်ဆုံးတွင် အတန်းသုံးခုလုံးက သဘောတူရန်ကောက်ချက်တစ်ခုချလိုက်သည်။ ပထမနှစ်များမှလွဲပြီး အခြားနှစ်များက သိပ္ပံနှင့်မနုဿဗေဒက ကိုယ်စားပြုတစ်ယောက်စီရွေးနိုင်သည်။

ထိုသည်ကိုမြင်ပြီး မနုဿမေဂျာတွင်ထိပ်ဆုံးဖြစ်နေသည့် ဝမ်မင်ယိ၏နေရာက မြဲသွားပြီဟု လုယွင်ဖေးတွေးမိသွားသည်။ တစ်ဖက်တွင် သူနှင့်ပျမ်းကျင်းယွမ်ကတော့ ကံမကောင်းလှပေ။ သူတို့တစ်ယောက်မှ ကျောင်း၏အချောဆုံးဂုဏ်ပုဒ်ကို မရလျှင် အခြားဘာမှရတော့မည်မဟုတ်။

ဒါက ကြေကွဲစရာပင်ကောင်းနေသည်။ လုယွင်ဖေး ပျမ်းကျင်းယွမ်၏မျက်နှာက ချောသည်ဟုထင်သည်။ သူသာဂုဏ်ပုဒ်တစ်ခုမျှမရလျှင် နှမြောစရာကောင်းလိမ့်မည်။

ဒါပေမဲ့ သူကဘာမှမရတဲ့သူဖြစ်ရင်ရော။

လုယွင်ဖေး ဒါကမဖြစ်သင့်ဟု ထင်သည်။ ဘယ်လိုလုပ်ပြီး သူ့ရုပ်ရည်နဲ့ ရှုံးနိုင်ရတာလဲ။

ထိုအတွေးများဖြင့် လုယွင်ဖေးနောက်နေ့မနက်နိုးနိုးလာချင်း မနေ့ညက ဆွေးနွေးကြသည့်ဘုတ်မှရလဒ်ကို သွားဖွင့်ကြည့်မိသည်။ တစ်ချက်ကြည့်လိုက်ကာ သူချက်ချင်းနိုးထလာမိသည်။ “ဝက်သားဖတ်။ ပျမ်းကျင်းယွမ်က တကယ်နိုင်သွားတယ်”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now