Chapter 67

1.7K 344 11
                                    


A New Friend
(Unicode)

လေ့ကျင့်ရေးအတန်းများက ဇူလိုင် ၁၇ ရက်နေ့တွင် စတင်သည်။ ယခုအကြိမ်တွင် ကျောင်းသားများစွာက ဤအတန်းများတွင် မပါဝင်ကြချေ။ ထို့ကြောင့် ကျောင်းက စာသင်ခန်းတစ်ခန်းသာ ပေးခဲ့သည်။ ထိုအခန်းက တတိယနှစ်အတန်းတစ်ပင်။

ယခင်တတိယနှစ်ကျောင်းသားများက ဘွဲ့ရသွားကြပြီ ဖြစ်၏။ ကောလိပ်ဝင်ခွင့်ရလဒ်များက မထွက်သေးသော်လည်း လုယွင်ဖေး သိသလောက်ဆိုလျှင် လူတိုင်းက စာမေးပွဲတွင် အမှတ်မည်မျှရသည်ကို ခန့်မှန်းသိရှိထားကြပြီးပြီပင်။ အတန်းသုံး၏ ဆွေးနွေးနေကြသည့် ဘုတ်ကို သူဖတ်ကြည့်စဉ်က လုယွင်ဖေး ဘာမှ မခံစားခဲ့ရသော်လည်း တတိယနှစ်၏ အတန်းတစ်ထဲသို့ ခြေချမိသည်နှင့် နောက်စာသင်နှစ်တွင် သူက တတိယနှစ်ဖြစ်ကာ ကောလိပ်ဝင်ခွင့်စာမေးပွဲများက သိပ်မဝေးတော့သည်ကို သတိရမိလိုက်သည်။

မနက်က သင်္ချာလေ့ကျင့်ရမည့် အတန်းချိန်ဖြစ်သည်။ လုယွင်ဖေး သူ့အကျင့်အတိုင်း ပြတင်းပေါက်နှင့် နီးသည့် ထိုင်ခုံတစ်ခုကို ရွေးလိုက်သည်။ ထိုင်နေပြီးသား ကျောင်းသားများက သူ့ဘေးတွင် ထိုင်ရန် ပြန်ထလိုက်ကြသော်လည်း သူတို့ခြေနှစ်လှမ်းလောက် လှမ်းလိုက်သည့်အချိန်တွင် သူ့ဘေးနားရှိ ထိုင်ခုံကို တစ်ယောက်ယောက်ကို ဦးထားပြီးသားဖြစ်မှန်း တွေ့လိုက်ရ၏။ ထိုင်ခုံဆီသို့ မရောက်ခင်မှာပင် ဝမ်မင်ယိ၏ အသံက ဟိန်းထွက်လာသည်။ သူက လုယွင်ဖေးကို ခေါ်လိုက်ရင်း သူ့ဆီ လျှောက်လာခဲ့သည်။

အတန်းထဲရှိ ကျောင်းသားများက ဝမ်မင်ယိ လုယွင်ဖေးနားတွင် ထိုင်လိုက်သည်ကို မြင်ကာ တီးတိုးပြောဆိုကြသည်။ “သူက ဘာလို့ ဒီကို ရောက်နေတာလဲ။ သူက မနုဿက ဝမ်မင်ယိမဟုတ်ဘူးလား။ မနုဿက ကျောင်းသားတွေက ဒီတစ်ခေါက်တော့ လေ့ကျင့်ရေးအတန်း လာတက်ကြတယ်ပေါ့၊ ဟမ့်”

လုယွင်ဖေးက သူတို့လောက် မအံ့ဩမိပေ။ ဝမ်မင်ယိ၏ သိပ္ပံအမှတ်များက မဆိုးလှပေ။ အမှန်အတိုင်းပြောရလျှင် သူတို့နှင့်ပင် ယှဉ်နိုင်သေး၏။ သူ မနုဿအတန်းတွင် ရှိနေရသည့် အကြောင်းရင်းက သူ့ကောကို ဒေါသဖြစ်စေရန်သက်သက်သာ။

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Where stories live. Discover now