Chapter 32

2.1K 431 10
                                    


(Unicode)

Bian JinYuan: You are handsome

လုယွင်ဖေး နှစ်ခေါက်လောက်ချောင်းဆိုးမိပြီးမှ လီယွမ်ချင်းဖုန်းကိုဆွဲလုကာ ဆွေးနွေးနေကြသည်ကို ဝင်ကြည့်လိုက်သည်။

မူရင်းပို့စ်တင်သူ: {picture}{picture}{picture} ကြည့်ရအောင်။ ပျမ်းကျင်းယွမ်၊ လုယွင်ဖေးနဲ့ ဝမ်မင်ယိတို့ထဲမှာ ဘယ်သူကကျောင်းရဲ့အချောဆုံး၊ ဘယ်သူက အတန်းရဲ့အချောဆုံးနဲ့၊ ဘယ်သူက အခန်းရဲ့အချောဆုံးဆိုတာ။ မဲပေးလို့ရမဲ့ကြေငြာချက်တစ်ခု တက်လာလိမ့်မယ်။ ကျောင်းသားတွေအကုန်လုံး မင်းတို့ရဲ့မဲပေးအစွမ်းကို အတန်းတစ်တန်းစီက အချောဆုံးကောင်လေးကို မဲပေးရင်း အသုံးချနိုင်ကြပါစေ။

မဲပေးဖို့ရော လိုသေးလို့လား။ သေချာပေါက်သူပဲပေါ့။ အရှက်မရှိစွာဖြင့် လုယွင်ဖေး သူ့ကိုယ်သူမဲထည့်လိုက်ရာ မဲပေးထားကြသည့် ၂၀၀ အထဲမှ ဝမ်မင်ယိက ၉၈ မဲဖြင့် ဉီးဆောင်နေကာ သူနှင့်ပျမ်းကျင်းယွမ်က မဲ ၆၀ ပင်မပြည့်ပေ။

ဒါကမဖြစ်နိုင်။ သူကဘယ်လိုလုပ် အဲ့လောက်ကလေးဆန်တဲ့ ခေါင်းကြောတင်းတဲ့ကောင်ဝမ်မင်ယိထက် မဲနည်းနေရတာလဲ။ ပြီးတော့ မဲကလည်း အကန့်အသတ်ဖြင့် ကျော်နေခြင်းပင်။

လုယွင်ဖေး စာအရှည်ကြီးကိုကြည့်ပြီးမှ အကြောင်းရင်းကို ရှာတွေ့သွားရသည်။
75 L_ ဆောင်းဉီးကွင်းလယ်ထဲက ငါတို့ရဲ့စစ်ရေးပြပွဲ: ငါတို့ရဲ့မနုဿဗေဒက ညီအစ်မတို့၊ ငါတို့ရဲ့ ဝမ်မင်ယိကို ကြည့်ပါဉီး။ ချစ်စရာမကောင်းဘူးလား။ သူက မနုဿဗေဒက တစ်ဉီးတည်းသော ကိုယ်စားပြုလေ။ ဒါက တစ်ဉီးချင်းပြိုင်တဲ့ပွဲလား။ မဟုတ်ဘူးလေ။ ဒါက အောင်ပွဲရဖို့အတွက်တိုက်ပွဲပဲ။ မနုဿဗေဒက ဘယ်တော့မှမရှုံးဘူး။ ကျောင်းရဲ့အချောဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ငါတို့မေဂျာကရရမယ်!

ထိုစာကအလွန်ထိရောက်ပြီး ချက်ချင်းပင် မဲများကတက်လာနေသည်။

သိပ္ပံမေဂျာကကျောင်းသားများကလည်း လက်မလျော့ကြပေ။

94L_ မန်တယ်ရဲ့ကိုယ်ကျင့်တရားတွေ: သိပ္ပံက အမြဲအချောလေးတွေပဲထွက်တာ။ နှစ်ယောက်က သိပ္ပံမေဂျာကဖြစ်နေတာ ငါတို့အပြစ်လား။ သေချာပေါက် မဟုတ်ဘူးပေါ့။ ငါတို့သာအပြစ်တင်ခံရမယ်ဆိုရင် ထူးချွန်တဲ့ကောင်လေးတွေများလို့ပဲဖြစ်လိမ့်မယ်။ ညီအစ်မတို့။ စည်းလုံးကြဖို့အချိန်ရောက်ပြီ။ အနိုင်ရဖို့အခွင့်အရေးနှစ်ခုတောင်ဆိုတော့ ငါတို့အောင်ပွဲခံဖို့ ပေါင်းစည်းကြမှဖြစ်မယ်”

After I Possessed the Tmall Genie of the School Adonis(မြန်မာဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang